ဖားကန့်မှာ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ်ရေး ချီတက်ဆန္ဒပြ
ဇူလိုင် ၁၉ ၊ ၂၀၂၂
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ကျဆုံးသွားတဲ့ အာဇာနည် ကိုးဦးနဲ့တကွ နွေဦး တော်လှန်ရေးတွင် ကျဆုံးခဲ့ရတဲ့ အာဇာနည်တွေ၊ ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ တိုင်းရင်းသား တပ်ဖွဲ့တွေရဲ့ အာဇာနည်တွေကို အလေးပြုတာနဲ့ အကြမ်းဖက်စစ်အာဏာရှင် ဖြုတ်ချရေး ချီတက်ဆန္ဒပြတာကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြတော်လှန်ပြည်သူတွေက “အာဇာနည်တွေကို ဦးညွှတ်လို့ စစ်အာဏာရှင်တွေကို အမြစ်ဖြတ်စို့” စာတန်းကိုင်ဆောင်ကာ “KIA/PDF တိုက်ပွဲတိုင်းနိုင်ပါစေ”၊ “NUG အစိုးရ ဒို့အစိုးရ”၊ “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်”၊ “ဖမ်းဆီးထားသော နိုင်ငံ့ခေါင်းဆောင်များနှင့်ပြည်သူများ ချက်ချင်လွှတ်”၊ “ဖက်ဒရယ် ပြည်ထောင်စုနှင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါ်က်ရေး ဒို့ အရေး” စတဲ့ ကြွေးကြော်သံများနဲ့ အကြမ်းဖက်စစ်အာဏာရှင်ဖြုတ်ချရေး ချီတက်ဆန္ဒပြ ခဲ့ကြတာပါ။
အဲ့ဒီလှုပ်ရှားမှုကို “ဖားကန့် ပင်မသပိတ်” က ဦးဆောင်ပြီး နယ်မြေမငြိမ်မသက်မှုတွေကြားထဲက ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။