ဖားကန့်မှာ အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြပွဲနဲ့ KIA ၊ NUG ၊ PDF ထောက်ခံပွဲပြုလုပ်
ဇူလိုင် ၁၃ ၊ ၂၀၂၂
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ တော်လှန်ပြည်သူတွေက အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြပွဲနဲ့ KIA ၊ NUG ၊ PDF ထောက်ခံပွဲကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြ တော်လှန်ပြည်သူတွေက ‘ဖားကန့်မြို့နယ် မှော်လှည့် သပိတ်စစ်ကြောင်း’ ၊ ‘ငါတို့မှာ ငါတို့ရှိတယ် … ငါတို့ နိုင်ကို နိုင်ရမည်’ အစရှိတဲ့ စာသားတွေ ကိုင်ဆောင်ပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံတာ၊ KIA နဲ့PDF တွေ တိုက်ပွဲ တိုင်းမှာ အနိုင်ရဖို့အတွက် ဆုတောင်းဟစ်ကြွေးတာတွေပြုလုပ်ခဲ့ကြသလို အကြမ်းဖက် စစ်တပ်ကျရှုံးရေး အတွက်လည်း ဟစ်ကြွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။