ဖားကန့်မှာ အကြမ်းဖက်စစ်တပ် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်နဲ့ KIA၊ PDF၊ NUG ထောက်ခံပွဲပြုလုပ်


ဖားကန့်မှာ အကြမ်းဖက်စစ်တပ် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်နဲ့ KIA၊ PDF၊ NUG ထောက်ခံပွဲပြုလုပ်
ဇွန် ၃၀ ၊ ၂၀၂၂

ကချင်ပြည်နယ်၊ ဖားကန့်မှာ တော်လှန်ပြည်သူတွေစုပြီးတော့ အကြမ်းဖက်စစ်တပ် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်နဲ့ KIA၊ PDF၊ NUG ထောက်ခံပွဲကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။

ဆန္ဒပြ တော်လှန်ပြည်သူတွေက ‘KIA PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ၊ NUG အစိုးရ ဒို့အစိုးရ၊ လူသတ် အကြမ်းဖက် စစ်ကောင်စီ လုံးဝ အုပ်ချုပ်ခွင့် မရစေရ၊ အင်တာနက်ဖြတ်တဲ့ မင်းအောင်လှိုင်အဖွဲ့ အသေဆိုးနဲ့ သေပါစေ၊ စစ်ခွေးတွေကို ချေမှုန်းဖို့ KIA PDF ချီတက်လာပြီ၊ ဖက်ဒရယ်ပြည်ထောင်စု နှင့် ဖက်ဒရယ် တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး၊ တော်လှန်ရေး အမြန်အောင်ဖို့ ပြည်သူအားလုံး ဝိုင်းဝန်းပါဝင်စို့၊ ဖမ်းဆီးထားသော နိုင်ငံခေါင်းဆောင်များနှင့် ပြည်သူများ ချက်ချင်းလွတ်၊ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊ နွေဦးတော်လှန်ရေး အရေးတော်ပုံအောင်ကိုအောင်ရမည်’ အစရှိတဲ့ ကြွေး ကြော်သံတွေ ဟစ်ကြွေးပြီးတော့ ဆန္ဒပြ ချီတက်ခဲ့ကြတာပါ။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.