ဖားကန့်မှာ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးဆန္ဒပြပွဲနဲ့ KIA PDF NUG ထောက်ခံပွဲပြုလုပ်
မတ် ၁၅ ၊ ၂၀၂၂
ကချင်ပြည်နယ်၊ ဖားကန့်မှာ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးဆန္ဒပြပွဲနဲ့ KIA PDF NUG ထောက်ခံပွဲ ကို ဒီနေ့မနက်မှာ ပြည်သူအင်အား ၅၀၀ ခန့်လောက်နဲ့ ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြပြည်သူတွေက အကြမ်းဖက် စစ်အာဏာရှင် ကျရှုံးရေး ဟစ်ကြွေးခဲ့ကြသလို KIA PDF တိုက်ပွဲတိုင်းမှာ နိုင်ပါစေ၊ NUG အစိုးရ ဒို့အစိုးရ၊ အကြမ်းဖက် စစ်တပ်လုံးဝအုပ်ချုပ်ခွင့်မရစေရ ၊ အာဇာနည် ဆိုတာ ဘယ်တော့မှ မသေဘူး၊ ဖားကန့်အာဇာနည် ကိုကျော်လင်းထိုက် ကောင်းရာသုဂတိ လားပါစေ ၊အင်တာနက်ဖြတ်တဲ့ မင်းအောင်လိုင်အဖွဲ့ အသေဆိုး နဲ့သေပါစေ၊ တော်လှန်ရေး အမြန် အောင်မြင်ဖို့ ပြည်သူအားလုံးပါဝင်စို့ ၊ နွေဦးတော်လှန်ရေး အရေးတော်ပုံ အောင်ကို အောင်ရမယ် အစရှိတဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးပြီးတော့ ဆန္ဒပြ သပိတ်မှောက်ခဲ့ကြပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။