ဖားကန့်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်နဲ့ ကျဆုံးခဲ့ရတဲ့ အာဇာနည်တစ်ဦးဖြစ်သူ ကိုကျော်လင်းထိုက် တစ်နှစ်ပြည် ဆုတောင်းပွဲပြုလုပ်
မတ် ၁၄ ၊ ၂၀၂၂
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ပြုလုပ်ခဲ့သလို ပြီးခဲ့တဲ့ နှစ်က ဆန္ဒပြရင်း အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရတဲ့ အာဇာနည်တစ်ဦးဖြစ်သူ ကိုကျော်လင်း ထိုက်အတွက် တစ်နှစ်ပြည့် ဆုတောင်းပွဲကို ဒီနေ့မနက်မှာ ပြုလုပ်ခဲ့ကြပါတယ်။
ကျဆုံးအာဇာနည်ဖြစ်တဲ့ကိုကျော်လင်းထိုက်အတွက် ဆုတောင်းပွဲကို သူကျဆုံးခဲ့တဲ့ မရှီကထောင်လမ်းပေါ်မှာ လွမ်းသူပန်းများချပြီး ကောင်းရာသုဂတိလားစေဖို့အတွက် ဆုတောင်းပေးခဲ့ကြပါတယ်။
ကိုကျော်လင်းထိုက်က ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ် ၁၄ ရက် မွန်းလွဲမှာ မရှီကထောင် ကုန်းဆင်းမှာ ဆိပ်မူ (ဆိုင်းတောင်) သပိတ် စစ်ကြောင်းနဲ့အတူ ဆန္ဒဖော်ထုတ်နေချိန် အကြမ်းဖက် အဖွဲ့ ဝင်တွေပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရသူပါ။
ဖားကန့်ဒေသမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များအတွင်း ပြည်သူ ၃ ဦးကျ ဆုံးခဲ့ကာ ၅၀ဦး ခန့်ဖမ်းဆီးခံခဲ့ရပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။