ဖားကန့်မြို့ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲနဲ့ KIA PDF NUG ထောက်ခံပွဲပြုလုပ်
မတ် ၁၉ ၊ ၂၀၂၂
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ အကြမ်းဖက်စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲနဲ့ KIA PDF NUG ထောက်ခံပွဲ ကို ဒီနေ့မနက်မှာ ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြ ပြည်သူတွေက အင်တာနက် ၇ လနီးပါး ဖြတ်တောက်ခံထားတဲ့အတွက် မင်းအောင်လှိုင်ကို အသေဆိုးနဲ့ သေဖို့ ဆုတောင်းခဲ့ကြသလို စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြပြည်သူတွေ့ KIA PDF တိုက်ပွဲတိုင်းမှာ နိုင်ပါစေ ၊NUG အစိုးရ ဒို့အစိုးရ ၊အားတင်းထားပါ စစ်ကိုင်းရေ မင်းတို့နောက်မှာ ငါတို့ရှိတယ် ၊ အကြမ်းဖက်စစ်တပ်လုံးဝအုပ်ချုပ်ခွင့်မရစေရ၊ အင်တာနက် ဖြတ်တဲ့ မင်းအောင်လိုင် အဖွဲ့ အသေဆိုးနဲ့ သေပါစေ၊ ပြန်လည်ရံးကြွ သပိတ်စုံထ ၊ ဖက်ဒရယ် ပြည်ထောင်စုပေါ်ပေါက်ရေး ဒို့အရေး နွေဦးတော်လှန်ရေး အရေးတော်ပုံ အောင်ကို အောင်ရမယ် ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ကြတာပါ။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။