ဖားကန့်မြို့ရဲ့ စစ်အာဏာရှင် ချေမှုန်းရေးနဲ့ KIA ၊ PDF ၊ NUG ထောက်ခံဆန္ဒပြပွဲ
မတ် ၁၁ ၊ ၂၀၂၂
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာလည်း စစ်အာဏာရှင်ချေမှုန်းရေးနဲ့ KIA PDF NUG ထောက်ခံချီတက်ဆန္ဒပြပွဲ ကို ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြ ပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် သံပုံးတီးပြီးတော့ သပိတ်ပြုုလုပ်ခဲ့ကြပြီး KIA PDF NUG ထောက်ခံမှုကို ကြွေးကြော်သံတွေဟစ်ကြွေးပြုလုပ်ခဲ့တာပါ။
ဆန္ဒပြပြည်သူတွေက KIA PDF တိုက်ပွဲ တိုင်းမှာနိုင်ပါစေဟု ဆုတောင်း ပေး ခဲ့ကြပြီး NUG အစိုးရ ဒို့အစိုးရ ၊ အားတင်းထားပါ KIA မင်းတို့နဲ့အတူ ဖားကန့် ရှိတယ် ၊ အားတင်းထားပါ PDF မင်းတို့နဲ့ အတူ ဖားကန့်ရှိတယ် ၊ဖက်ဒရယ် ပြည် ထောင်စု ပေါ်ပေါက်ရေး ဒို့အရေး ၊ ဖက်ဒရယ် တပ်မတော်ပေါ်ပေါက်ရေး ဒို့အရေး ၊ အကြမ်းဖက် စစ်တပ် လုံးဝ အုပ်ချုပ်ခွင့်မရစေရ၊ အင်တာနက် ဖြတ် တဲ့ မင်းအောင်လှိုင် အဖွဲ့ အသေဆိုး နဲ့ သေပါစေ၊ နွေဦးတော်လှန်ရေး အရေး တော်ပုံအောင်ကို အောင်ရမယ်ဆိုပြီး ဟစ်ကြွေးခဲ့ကြတာလည်းဖြစ်ပါတယ်။
ဖားကန့်မြို့မှာ ဒီနေ့ပါဆိုရင် အင်တာနက်ဖြတ်တောက်ခံထားရတာ ၇ လကျော်နေပြီလည်းဖြစ်ပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။