ဖားကန့်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှည့်လည်ခဲ့ကြ
ဖေဖော်ဝါရီ ၁၉ ၊ ၂၀၂၂
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ကို ဖေဖော်ဝါရီ ၁၈ ရက် မနေ့က ပြုလုပ်ခဲ့ကြပါတယ်။
အင်တာနက်ဖြတ်တောက်ခံထားရတာ ၆ လနီးပါအထိ ရှိထားပြီဖြစ်တဲ့ ဖားကန့်မြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထောက်ခံပွဲကို ပြုလုပ်ခဲ့ကြတာပါ။
ဆန္ဒပြပြည်သူတွေက KIA PDF တိုက်ပွဲ တိုင်းမှာနိုင်ပါစေလို့ ဆုတောင်းပေးခဲ့ကြပြီး NUG အစိုးရ ဒို့အစိုးရ ၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ဒို့အ ရေး ၊ ဖက်ဒရယ် တပ်မတော်ပေါ်ပေါက်ရေး ဒို့အရေး၊ အကြမ်းဖက် စစ်တပ်လုံးဝအုပ်ချုပ်ခွင့်မရစေရ၊ အင်တာနက်ဖြတ်တဲ့ မင်းအောင်လှိုင် အဖွဲ့ အသေ ဆိုး နဲ့ သေပါစေ၊ နွေဦးတော်လှန်ရေး အရေးတော်ပုံအောင်ကို အောင်ရမည် အစရှိတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြချီတက်လှည်လည်ဆန္ဒပြခဲ့ကြတာလည်းဖြစ်ပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်