ဖားကန့်မြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး နဲ့ KIA PDF NUG ထောက်ခံပွဲ
ဖေဖော်ဝါရီ ၉၊ ၂၀၂၂
အင်တာနက်ဖြတ်တောက်ခံထားရတာ ၆ လနီးပါးရှိလာပြီ ဖြစ်တဲ့ ဖားကန့်မြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး နဲ့ KIA PDF NUG ထောက်ခံပွဲ ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြပြည်သူတွေက ဖားကန့်တဝှိုက် စစ်ရေးတင်းမာနေချိန် KIA PDF တိုက်ပွဲ တိုင်းမှာနိုင်ပါစေလို့ ဆုတောင်းပေးခဲ့ကြပြီး NUG အစိုးရ ဒို့အစိုးရ / ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ဒို့အရေး / ဖက်ဒရယ် တပ်မတော်ပေါ်ပေါက်ရေး ဒို့အရေး / အကြမ်းဖက် စစ်တပ်လုံးဝအုပ်ချုပ်ခွင့်မရစေရ/ အင်တာနက်ဖြတ်တဲ့ မင်းအောင်လှိုင် အဖွဲ့ အသေဆိုး နဲ့ သေပါစေ/ နွေဦးတော်လှန်ရေး အရေးတော်ပုံအောင်ကို အောင်ရမယ်လို့ ကြွေးကြော်ချီတက် ဒီနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့မှာ သပိတ်မှောက်ခဲ့ကြတာြဖစ်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။