ဖရူဆိုမြို့နယ်အတွင်း ပြည်သူတွေကို မီးရှို့သတ်ဖြတ်ခဲ့တဲ့သူတွေက အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၅၃၁ နဲ့ တပ်မ ၆၆ လက်အောက်ခံ အဖွဲ့တွေလုပ်တာလို့ ကရင်နီပြည်နယ်ရဲတပ်ဖွဲ့က အခိုင်အမာပြော

ဖရူဆိုမြို့နယ်အတွင်း ပြည်သူတွေကို မီးရှို့သတ်ဖြတ်ခဲ့တဲ့သူတွေက အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၅၃၁ နဲ့ တပ်မ ၆၆ လက်အောက်ခံ အဖွဲ့တွေလုပ်တာလို့ ကရင်နီပြည်နယ်ရဲတပ်ဖွဲ့က အခိုင်အမာပြော
ဇန်နဝါရီ ၃ ၊ ၂၀၂၂

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးမှာဖြစ်ပွားခဲ့တဲ့ ပြည်သူ ၃၅ ယောက်ကို မီးရှို့သတ်ဖြတ်ခံရတဲ့ကိစ္စမှာ အကြမ်းဖက် စစ်ကောင်စီရဲ့ ခမရ ၅၃၁ နဲ့ တပ်မ ၆၆ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ (KSP) ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ဒီကိစ္စမှာ အဓိကကျူးလွန်တဲ့သူကတော့ မြန်မာတပ်မတော်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်လက်အောက်ခံ ဖရူဆိုအခြေစိုက် ခမရ ၅၃၁ တပ်ဖွဲ့ဝင်တွေနဲ့ တပ် ၆၆ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေကနဦးသိရှိထားပါတယ်။” လို့ ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ (KSP) ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီဘက်က သေဆုံးရတဲ့သူတွေက PDF တွေဖြစ်တယ်ဆိုပြီး ပြောဆိုရှင်းလင်းချက်ကိုလည်း မှန်ကန်မှု မရှိ ကြောင်းနဲ့ သေဆုံးခဲ့ရတဲ့သူတွေက အရပ်သားတွေဖြစ်တဲ့အကြောင်း သတင်းစာရှင်းလင်းပွဲမှာ မိသားစုဝင်တွေရဲ့ ရှင်းလင်းချက် တွေနဲ့အတူထည့်သွင်းပြောကြားထားတာ တွေ့ရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မိုဆိုကျေးရွာအနီးက လူအစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ အကြမ်း ဖက်စစ်ကောင်စီကို သက်သေအထောက်အထား အခိုင်အမာနဲ့အတူ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ကို တင်ပြသွားမှာဖြစ် တယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

လုပ်ထုံးလုပ်နည်းတွေအရ မီးရှို့သေဆုံးခဲ့တဲ့သူတွေကို သိရှိရေးအတွက် ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ KSP အနေနဲ့ လုပ်ဆောင်ခဲ့စဉ် မှာ ပျောက်ဆုံးနေတယ်ဆိုပြီး လာရောက်တိုက်ကြားမှုတွေရှိခဲ့ပြီးတော့ ပျောက်ဆုံးအရေအတွက်က ၄၉ ဦးအထိ ရှိခဲ့တာလို့ သတင်းစာရှင်းလင်းပွဲမှာ KSP က ပြောပါတယ်။

ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ (KSP) အနေနဲ့ အလောင်းတွေကို သယ်ဆောင်တဲ့အခါမှာ မီးရှို့မခံထားရတဲ့ အလောင်း ၄ လောင်းနဲ့ မီးရှို့ခံ ထားရပြီး ခန္ဓာကိုယ်တဝက်သာပြန်ရတဲ့အလောင်းက ၃၁ ရရှိခဲ့ပြီးတော့ ပြန်သယ်လို့မရဘဲ ပြာအဖြစ်ရှိသွားတဲ့ ရုပ်အလောင်း တွေလည်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီဘက်က နှစ်ဖက်တိုက်ပွဲဖြစ်တာကြောင့် မီးလောင်သေဆုံးမှုတွေလို့ လိမ်ညာဝါဒ ဖြန့်ခဲ့ပေမယ့်လည်း သတင်းစာရှင်းလင်းပွဲမှာ ပြသခဲ့တဲ့ ပုံတွေမှာ လက်ပြန်ကြိုးတုပ်ပြီး မီးရှို့ခံထားရတာနဲ့ ရင် ဘက်မှာ ထိုးသွင်းဒဏ်ရာ လက်ကိုနောက်ပြန်ကြိုးတုပ်ထားပြီး မီးရှို့အသတ်ခံထားရတာတွေကို ဓာတ်ပုံတွေ၊ သက်သေ တွေနဲ့ တကွ ချပြရှင်းလင်းထားပါတယ်။

အခုလိုအသတ်ခံရတဲ့ဖြစ်စဉ်ထဲမှာ Save the children က သူတို့ဝန်ထမ်းနှစ်ဦးပါဝင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားသလို Save the children အနေနဲ့လည်း မြန်မာနိုင်ငံအတွင်း လုပ်ဆောင်နေတဲ့ ပရောဂျက်အချို့ကို ရပ်ဆိုင်းထားလိုက်တာလည်း တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews





Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.