ဖယ်ခုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာမှာ အကြမ်းဖက်စစ်သား ၅ဦးထက်မနည်းသေ၊ လက်နက် ၃လက်ရဟု ဖယ်ခုံ PDF ထုတ်ပြန်

ဖယ်ခုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာမှာ အကြမ်းဖက်စစ်သား ၅ဦးထက်မနည်းသေ၊ လက်နက် ၃လက်ရဟု ဖယ်ခုံ PDF ထုတ်ပြန်

ဖေဖော်ဝါရီ ၂၂၊ ၂၀၂၂

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒီကနေ့မနက် တိုက်ခိုက်ခဲ့တာမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားသလိုလက်နက် ၃လက်နဲ့ ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်လိုက်ပါတယ်။

ဖယ်ခုံမြို့ လွယ်ပါသာဘုရားတောင်နဲ့ ကုန်းဆုံဘုရားတောင်တို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီ ၂၂ရက် နံနက် ၆နာရီမှာ ဖယ်ခုံ PDFနဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊နည်းပညာလက်ရုံးတပ်တို့ရဲ့အကူအညီနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဟာ ၁နာရီနီးပါး ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦး ထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားကြောင်းနဲ့ တိုက်ပွဲအတွင်း BA 100 တစ်လက် ၊MA 2 တစ်လက်၊MA3 တစ်လက်၊ ကျည်အချို့နဲ့ စစ်သုံးပစ္စည်း အနည်းငယ်ရရှိခဲ့တယ်လို့ ဖယ်ခုံ PDFက ထုတ်ပြန်ခဲ့ပါတယ်။

ဖယ်ခုံPDFက ရဲဘော် ၃ ဦးဒဏ်ရာရပြီး တစ်ဦးမှာစိုးရိမ်ရသည့်အခြေအနေရှိလို့ ဆေးကုသမှု ခံယူနေတယ် လို့ ဆိုပါတယ်။

ဖယ်ခုံPDF နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ တပ်မ ၅၅လက်အောက်ခံ
ကလောအခြေစိုက် ခလရ -၇ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar
ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။



Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.