ဖယ်ခုံမှာ စစ်ကောင်စီထုတ်ကုန် မရောင်းချဖို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ ပြည်သူတွေ ကိုယ်တိုင်ပူးပေါင်းပါဝင်လို

ဖယ်ခုံမှာ စစ်ကောင်စီထုတ်ကုန် မရောင်းချဖို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ ပြည်သူတွေ ကိုယ်တိုင်ပူးပေါင်းပါဝင်လို

ဖေဖော်ဝါရီ ၁၃၊ ၂၀၂၂

ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းက စစ်ကောင်စီထုတ်ကုန်တွေ ရောင်းချခြင်းမပြုဖို့ ကွင်းဆင်းစစ်ဆေးခဲ့ရာမှာ ပြည်သူလူထုတွေ ကိုယ်တိုင်က ပူးပေါင်းပါဝင်လိုကြတာကို တွေ့ရတယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

ဖယ်ခုံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ဖေဖော်ဝါရီ ၃ရက်မှာ စာထုတ်ပြန်ပြီးတော့ ဖယ်ခုံမြို့နယ်အတွင်းမှာရှိတဲ့ ဈေးဆိုင်တွေအနေနဲ့ စစ်ကောင်စီရဲ့ ထုတ်ကုန်တွေကို ဖေဖော်ဝါရီ ၂၈ရက်က စပြီး ထပ်မံ တင်သွင်းရောင်းချတာတွေ မလုပ်ဖို့တားမြစ်ထားတဲ့အပေါ် ပအဖနဲ့ PDF တပ်တွေ ပေါင်းပြီး ဖေဖော်ဝါရီ ၁၁ရက်နဲ့ ၁၂ရက်မှာ ကွင်းဆင်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။

ထုတ်ပြန်ချက်အတိုင်း ပြည်သူတွေ အခက်အခဲမရှိ လိုက်နာနိုင်ဖို့ ပအဖနဲ့ ဖယ်ခုံ PDF တပ်ခွဲ(၁)/(၂)/(၃)တို့ ပူးပေါင်းပြီး စစ်ကောင်စီထုတ်ကုန်တွေကို ရောင်းချခြင်း မပြရန်နဲ့ ပြည်သူတွေ အကုန်လုံး ပူးပေါင်းပါဝင်ကြဖို့ ကြိုတင်ကွင်းဆင်း အသိပေးခဲ့တယ်လို့ သိရပါတယ်။

#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။





Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.