ဖမ်းမိထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးကို ဆေးကုပေးပြီး ကရင်နီပြည်ရဲ တပ်ဖွဲ့ ထံအပ်နှံထားဟု KNDF အသိပေး

ဖမ်းမိထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးကို ဆေးကုပေးပြီး ကရင်နီပြည်ရဲ တပ်ဖွဲ့ ထံအပ်နှံထားဟု KNDF အသိပေး

မတ် ၇၊၂၀၂၂

ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ် ကျောက်ဆည်ကန် တိုက်ပွဲမှာ အရှင်ဖမ်းမိခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးကို ဆေးကုပေးထားပြီး ကရင်နီပြည်ရဲတပ်ဖွဲ့ထံ အပ်နှံထားတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၁)က ဒီကနေ့ ထုတ်ပြန် လိုက်ပါတယ်။

ကျောက်ဆည်ကန်ဒေသမှာ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို KNDF အပါအဝင် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ စုပေါင်းပြီး ခုခံတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြားသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထားပါတယ်။

မနေ့က မတ်လ၆ ရက်နေ့ ကျောက်ဆည်ကန်တိုက်ပွဲမှာ KNDF အမှတ် (၁) တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးကို အသက်ရှင်လျက် ဖမ်းဆည်းရရှိခဲ့ပြီး ဆေးဝါးကုသမှု‌တွေလည်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ ပြီးတော့ Karenni State Police ထံသို့ သွားရောက်အပ်နှံခဲ့ကြောင်း KNDF တပ်ရင်း(၁)က ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီ လက်နက်အချို့ (MA1, MA2, MA4, MA Sinper ) ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မနေ့က ကျောက်ဆည်ကန် တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရဲ့ စစ်စည်းကမ်းလိုက်နာမှုဟာ လေးစားဖွယ်ရာ ကောင်းတယ်လို့ CDM ဗိုလ်ကြီးလင်းထက်အောင်က ချီးကျူးပြောဆိုထားပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးကို ဖမ်းဆီးရရှိခဲ့ရာမှာ စိတ်ခံစားချက်တွေကို ထိန်းနိုင်ခဲ့ပြီး စစ်မြေပြင် စည်းကမ်းတွေကို လိုက်နာခဲ့တဲ့အပေါ် အလေးပြုလိုက်ပါတယ်လို့လည်း ဗိုလ်ကြီးလင်းထက်အောင်က ပြောပါတယ်။

#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။



Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.