“ဖက်ဒရယ်ပညာရေးစနစ်၏ အဆင့်မြင့်ပညာ ကဏ္ဍ စီမံခန့်ခွဲမှုပုံစံ” ခေါင်းစဉ်နဲ့ Public Lecture တစ်ရပ်ကို ပို့ချသွားဖို့ စီစဉ်နေ

“ဖက်ဒရယ်ပညာရေးစနစ်၏ အဆင့်မြင့်ပညာ ကဏ္ဍ စီမံခန့်ခွဲမှုပုံစံ” ခေါင်းစဉ်နဲ့ Public Lecture တစ်ရပ်ကို ပို့ချသွားဖို့ စီစဉ်နေ
ဒီဇင်ဘာ ၃၀၊ ၂၀၂၁

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနကအနေပြီးတော့ “ဖက်ဒရယ်ပညာရေးစနစ်၏ အဆင့်မြင့်ပညာ ကဏ္ဍ စီမံခန့်ခွဲမှုပုံစံ” ခေါင်းစဉ်နဲ့ Public Lecture တစ်ရပ်ကို ဇန်နဝါရီ ၁ ရက်(စနေနေ့)၊ မြန်မာစံတော်ချိန် နံနက် ၁၀နာရီခွဲအချိန်မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

အဲဒီ Public Lecture ကို နိုင်ငံတကာ ပညာရေးပညာရှင် တစ်ဦးက ပို့ချသွားမှာဖြစ်ပါတယ်။ ပညာရေးနယ်ပယ် အတွင်းက စိတ်ပါဝင်စားတဲ့ ဆရာတွေ၊ ကျောင်းသားတွေအပြင် ပညာရေးကို စိတ်ဝင်စားတဲ့ မည်သူမဆို Zoom က နေတဆင့် စာရင်းပေးသွင်း နားထောင်နိုင်တယ်လို့ ပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အချိန်အကန့်အသတ်ရှိတဲ့အတွက် ဆရာထံက ပေးပို့လာတဲ့အသံသွင်းထားတဲ့ ရုပ်သံဖိုင်ကို မြန်မာဘာသာ ပြန်ဆိုပြီး ထုတ်လွှင့်မယ်လို့ဆိုပါတယ်။ ဒါအပြင် တက်ရောက်လာတဲ့သူတွေအနေနဲ့ webinar အတွင်း သိလိုသော မေးခွန်းတွေကို အမေအဖြေအစီအစဉ်မှာ မေးမြန်ထားနိုင်ပြီး ပို့ချသူ ဆရာမနဲ့ ချိတ်ဆက်ပြီး ပြန် လည်ဖြေကြားပေးမှာလည်း ဖြစ်ပါတယ်။

Public Lecture အစီအစဉ်ကို Ministry of Education, NUG ၏ Facebook Page နဲ့ YouTube Channel တွေကနေပြီးတော့လည်း တိုက်ရိုက်ထုတ်လွှင့်ပြသမယ်လို့ သတင်း ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။ တက်ရောက်နားထောင်လိုသူတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန ဖေ့စ်ဘွတ်ခ်ပေ့ချ်မှာ ဝင်ရောက်ကြည့်ရှုလေ့လာ ဆက်သွယ်နိုင်ပါတယ်။

( Zoom မှာ တက်ရောက်နားထောင်ရန် အောက်ပါ လင့်သို့ ဝင်ပြီး ကြိုတင် စာရင်းပေးသွင်းပါ။
https://us02web.zoom.us/…/reg…/WN_S6P_6xA0R_qPcDyCIrDTPQ
စာရင်းပေးသွင်းပြီးသောအခါ webinar သို့တက်ရောက်နိုင်မယ့် အချက်အလက်များပါဝင်တဲ့ အီးမေးလ်တစ်စောင် လက်ခံရရှိပါလိမ့်မယ်။
တိုက်ရိုက်ထုတ်လွှင့်မည့် Facebook Page နဲ့ YouTube Channel
Facebook Page: https://www.facebook.com/Ministry-of-Education-National-UnityGovernment-of-Myanmar-109386154653912
YouTube Channel: https://www.youtube.com/channel/UCGkpwToZtryJtBof-fEeCAQ )

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.