ဖက်ဆစ်တော်လှန်ရေးနေ့အတွက် အင်းစိန်အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေက ဆန္ဒဖော်ထုတ် ရေးသားမှု ပြုလုပ်
မတ် ၁၇ ၊ ၂၀၂၂
လာမယ့် မတ်လ ၂၇ ရက်မှာ ကျရောက်မယ့် ဖက်ဆစ်တော်လှန်ရေးနေ့အတွက် အင်းစိန်အကျဉ်းထောင်ထဲမှာ ရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေက အင်္ကျီပေါ်မှာ စာတွေရေးသားပြီး ဆန္ဒဖော်ထုတ်မှုကို ပြုလုပ်ခဲ့ကြပါတယ်။
“မတ်လ ၂၇ ရက်နေ့အတွက် ထောင်တွင်းက ရဲဘော်တွေရဲ့ အသံပါ။ ထောင်ထဲက ရဲဘော်တွေကလည်း အလံမ လိပ် အသံမတိပ်ပါဘူး” ဆိုပြီး သတင်းရင်းမြစ်တစ်ဦးက PVTV ကို ပေးပို့ခဲ့ပါတယ်။
အင်္ကျီပေါ်မှာ ရေးထားတဲ့ စာတွေကတော့ …
“ခန္ဓာကိုယ် အကျဉ်းချထားလို့ရပေမယ့် ငါတို့ရဲ့ စိတ်ဓာတ်နဲ့ သွေးကိုတော့ချုပ်နှောင်ထားလို့ မရဘူး။ စိတ်ဓာတ်က တော့ ကျန်နေတုန်းပဲ။ သွေးတွေကတော့ အာဏာရှင်ကို ဆန့်ကျင်ဖို့ ဗလောင်ဆူနေတယ် ရဲဘော်တို့။”
“လွတ်လပ်စွာ ပြောဆို နေထိုင်ခွင့်မရှိရင် ထောင်ထဲမှာမှ မဟုတ်ဘူး။ ဘယ်နေရာပဲထားထား အကျဉ်းကျနေတဲ့ အကျဉ်းသားပဲ။”
16-3-2022
“သွေးကြွေးမှာ ဆွေးနွေးစရာ မရှိ”
16 –3-2022
“အသွင်းပြောင်း ဖက်ဆစ် သန္ဓေညစ်တို့ မင်းတို့ ကောက်ကျစ်ဖမ်းဆီးညစ်လည်း ငါတို့ဒေါင်းသွေး နီမြဲ တွန်ဆဲ ကြွေးကြော်မြဲပဲ”
“တော်လှန်ရေး” မွှေးထားတဲ့ မီးကို မသေစေနဲ့။ မီစအဖြစ် ပြာကျသည့်အထိ လောင်ကျွမ်းဖို့ ငါတို့အသင့်။
နီမှူးအိမ်
16 –3-2022
“ငါတို့ စိုက်ပျိုးတဲ့ သီးပွင့်များ နောက်လူတွေ စားသုံးရပါစေ”
စိုင်းနွယ်
16 –3-2022
“မရှိသင့်တဲ့ နေရာမှာ ရှိနေခြင်းက လျှောက်ရမယ့်လမ်းက တစ်လမ်းပဲ ရှိလို့ပဲ”
16 –3-2022
“အာဏာရူးတဲ့ စစ်ဘီလူးကို ဒီဘက်ခေတ်မှာ အမြစ်ဖြတ်မယ်”
12-3-22
“အမှန်တရား တစ်ခုအတွက် ….. လှမ်းခဲ့တယ်”
အစရှိတဲ့ စာသားတွေ ရေးသားပြီးတော့ ရေးထားတဲ့ စာတွေရဲ့ အောက်မှာ ရေးသားခဲ့သူတွေရဲ့ လက်မှတ်ကို ထိုးထားတာ တွေ့ရပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။