ဖက်ဆစ်စစ်တပ်ကို အာဏာဖီဆန်တဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်ကို လူထုအားလုံးပါဝင်ဖို့
အလုပ်သမားလူငယ်တွေက စာရွက်တွေ ဖြန့်ဝေ
ဇန်နဝါရီ ၃၀၊ ၂၀၂၂
ဖေဖော်ဝါရီလ (၁)ရက်နေ့မှာ ပြည်သူလူထုက တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်ကို (မနက် ၁၀နာရီကနေ ညနေ ၄အထိ) ပါဝင်ဖို့အပြင် လက်ခုပ်တီးသပိတ်ကို ညနေ(၄နာရီ)တိတိမှာ ပြုလုပ်မှာြဖစ်လို့ ပြည်သူတရပ်လုံးက အာဏာရှင်ကို အာဏာဖီဆန်ကြောင်း ပြသကြဖို့ လူမှုကွန်ယက် စာမျက်နှာတွေမှာ တိုက်တွန်းထားကြပါတယ်။
ပြည်သူအားလုံးက တော်လှန်ရေးသမားဖြစ်ကြောင်းနဲ့ စစ်အာဏာရှင်ကို အမြစ်ပျက်ချေမူန်းဖို့ သွေးမအေးကြောင်း ပြသကြဖို့ Labour Alliance အဖွဲ့ဝင် CTUM အလုပ်သမားလူငယ်တွေကလဲလှုံဆော်မူတွေ ပြုလုပ်နေတာတွေ့ရပါတယ်။
ပြည်တော်ဝင်ဖို့ရုန်းကြစို့၊ ငါတို့ ငြိမ်ချင်ငြိမ်မယ်၊ လူပ်ချင်လူပ်မယ် လုံးဝအုပ်ချူပ်ခွင့်မရ စာတန်းပါ စာရွက်တွေကို ပြည်သူတွေဆီ ဖြန့်ဝေတာကို ဒီနေ့ ဇန်နဝါရီ ၃၀ ရက်နေ့မှာ ပြုလုပ်ခဲ့တာြဖစ်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။