“ပြန်စာ”
ညီနဲ့ညီမ ပို့သသောစာ ရတယ်။
အသံ ငါး လောက်ကြားပါတယ်။
တစ်ရွာလုံး တပွင့်တည်းပွင့်တုန်းက
ခြွေလွယ်ကြမှာပေါ့။
တောလုံးတောင်အနှံ့ ဝေပြချိန်
ပြည်သူ့တော်လှန်ရေးဖြစ်သွားတော့
တရားက နိုင်မှာပဲ။
အလံမိုးအထိလွှင့်တုန်းက
ကိုးအထိမြင့်တဲ့ စိတ်ဓာတ်တွေ
တစ်ခါတစ်ခါ
တစ် လောက်ကျချင်ကျပေမပေါ့
သုံညမဟုတ်သေးဘူးလေ
ရသေးတယ်။
အိတ်ကပ်ထဲဗလာကျင်းသွားတိုင်း
ရင်ဘတ်ထဲပြန်ငုံ့ကြည့်
ယုံကြည်ချက်ကျန်သေးလား
ဒါဆိုရသေးတယ်။
စစ်နဲ့ငြိမ်းချမ်းရေး
စာအုပ်ထူထူ အတွဲလိုက်ကြီး
ကမ္ဘာ့ဂန္ဓဝင်ဖြစ်မဟုတ်လား။
အေး…..
ဖျက်ရာ ခြစ်ရာ စာမျက်နှာတွေက
စာအုပ်ကြီးထက်ပိုထူတယ်လေ။
ဒီလိုပါပဲ
ကမ္ဘာကြီးကိုပြောင်းလဲပစ်တဲ့
တီထွင်မှုတွေမှန်သမျှ
အကြိမ်ကြိမ် လဲကျခဲ့ဖူးတယ်။
လူတိုင်းမတ်တပ်စမ်းစ
အခါခါလဲပိုကျသလိုပေါ့
နောက်ဆုံးတော့
ဒုန်းပြေးနိုင်ကြတာပါပဲ။
နိုင်မြင်းကိုမှရွေးလောင်းကြတဲ့
ကမ္ဘာကြီးမှာ
ငါတို့ကိုယ်တိုင် နိုင်မြင်းဖြစ်အောင်
ပြေးရုံကလွဲလို့
ဘာများရှိအုံးမှာလဲကွာ။
တော်လှန်ရေးဟာ
သနားစရာလို့
လူတွေစုတ်သပ်ကြေကွဲဖွယ်မဟုတ်။
အားကျစရာကြီးလို့ ဝန်ခံယူရတဲ့ဆီ
လည်ဆံမွေးခါ ခေါင်းတည်လိုက်
ခွာသံပြင်းပြင်း ဒုန်းစိုင်းလိုက်။
မင်းကိုနိုင်
#SpringRevolution
#PVTV
Like – 6.1K Share – 430