ပြည်သူ့အာဏာကို လုယူထားတဲ့ အာဏာရူးစစ်ကောင်စီနဲ့ သူတို့ရဲ့ လက်ပါးစေ လက်နက်ကိုင်တွေကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ၂၀၂၁ခုနှစ် မတ်လ (၁) ရက်နေ့မှာ အကြမ်းဖက်သမားတွေအဖြစ် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်။ ပြည်သူလူထုကို လူမဆန်စွာ ညှင်းပမ်းနှိပ်စက်သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ရန်ကနေ ပြည်သူလူထုကို အကာအကွယ်ပေးနိုင်ဖို့ ပြည်သူလူထုကြားကနေ ပေါက်ဖွားလာကြတဲ့ တိုင်းရင်းသားညီနောင်တွေနဲ့ ဒေသအခြေပြု ပြည်သူ့ကာကွယ်ရေးတပ်တွေပူးပေါင်းပြီး ခုခံကာကွယ်စစ်တွေဆင်နွှဲလျက်ရှိကြသလို အောင်ပွဲတွေလဲ ရရှိနေခဲ့ပြီဖြစ်ပါတယ်။ “လုံးဝအုပ်ချုပ်လို့မရစေရ” ဆိုတဲ့ ကြွေးကြော်သံနဲ့ စစ်အာဏာရှင်ကို နေ့စဉ်ရက်ဆက် ရင်ဆိုင်တော်လှန်နေကြတဲ့ ပြည်သူလူထုရဲ့ ဆန္ဒအမှန်ဟာ “အာဏာရှင်နဲ့ သူ့လက်ပါးစေများကျရှုံးပြီး ပြည်သူ့အာဏာ ပြည်သူ့လက်ဝယ်ပြန်လည်ရောက်ရှိရေး” ပဲဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ လက်ကိုင်တုတ်များအရေးနိမ့်ခြင်းဟာ “ပြည်သူ့အောင်ပွဲ” ဖြစ်တာကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ ရှုံးနိမ့်မှုတွေ၊ တိုင်းရင်းသားညီနောင်တော်လှန်ရေးတပ်ဖွဲ့တို့ရဲ့ အောင်မြင်မှုတွေနဲ့သက်ဆိုင်တဲ့ သတင်းတွေကို “ပြည်သူ့အောင်ပွဲ အထူးသတင်း” အနေနဲ့ စုစည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
#SpringRevolution
#PVTV
Like – 18K Share – 1860