ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေကို အရည်အချင်းစိစစ်ရေးကော်မတီဖွဲ့စည်းနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က အစိုးရအဖွဲ့အစည်းအဝေးမှာ တင်ပြထား
ဇူလိုင် ၁၂ ၊ ၂၀၂၂
ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေအတွက် အရည်အချင်းစိစစ်ရေးကော်မတီဖွဲ့စည်းနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ဒီနေ့ပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ တင်ပြဆွေးနွေးခဲ့တယ်လို့ ပြည်ထဲရေးနှင့် လူဝင်မှုကြီး ကြပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က “အဆိုပါကော်မတီအနေဖြင့် တော်လှန်ရေးကာလအတွင်း ပြည်သူ့ရဲတပ်ဖွဲ့ကို ဝင်ရောက်အမှု ထမ်းလိုတဲ့ ရဲတပ်ဖွဲ့ဝင်တွေ စုဆောင်းပြီး လူထုဘဝ လုံခြုံရေး နဲ့ တရားဥပဒေစိုးမိုးရေး ဖော်ဆောင်နိုင်ရန်၊ ရဲတပ်ဖွဲ့ဝင်သစ်များ တာဝန်ပေးအပ်နိုင်မှုကအစပြုပြီး တော်လှန်ရေးကို အရှိန် မြှင့်တင်ဆောင်ရွက် လျက် ပြည်သူလူထု လိုလားတောင့်တနေတဲ့ ဖက်ဒရယ် ဒီမိုကရေစီ စနစ်တည်ဆောက်ရေးအတွက် အထောက်အပံ့ပြုရန် ရည်ရွယ်ထားတာ၊ တော်လှန်ရေးကာလဖြစ်တဲ့အလျောက် အကြမ်းဖက်စစ်ကောင်စီရဲ့ အန္တရာယ်ရန်စွယ်မှ ကာကွယ်ပေး ပြီး ပြည်သူလူထုရဲ့ လူမှုဘဝ လုံခြုံရေးပေးနိုင်ဖို့နဲ့ တရားဥပဒေစိုးမိုးရေးကို အားသွန်ခွန် စိုက်ဆောင်ရွက်နိုင် ရေးအတွက် လိုအပ်နေတယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။
ဒါအပြင် ပြည်သူ့ရဲတပ်ဖွဲ့ကို ဝင်ရောက်အမှုထမ်းရွက်လိုတဲ့ ရဲတပ်ဖွဲ့အသစ်တွေကို ခန့်အပ်နိုင်ရေးအတွက် အရည် အချင်း စစ်ဆေးရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက်ရတာဖြစ်တယ်ဆိုတာနဲ့ ပြည်သူ့ ရဲတပ်ဖွဲ့ဥပဒေ အခန်း(၄) ပုဒ်မ၇(က) အရ အရည်အချင်း စစ်ဆေးရေး ကော်မတီကို ဖွဲ့စည်းရန် ပြင်ဆင်ဆောင်ရွက်ရတာဖြစ်တယ်ဆိုပြီးတော့ ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးခဲ့တာပါ။
ကော်မတီဖွဲ့စည်းပြီးတာနဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အထူးအုပ်ချုပ်ရေး ဒေသတွေမှာ မြို့နယ်ရဲတပ်ဖွဲ့တွေ ဖွဲ့စည်း ဆောင်ရွက်ပြီး လူထုဘဝ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေ၊ အကြမ်းဖက်စစ်ကောင်စီရဲ့ ဖက်ဆစ်အကြမ်း ဖက် လုပ်ရပ်တွေကို တရားဥပဒေနဲ့အညီ အရေးယူပစ်ဒဏ်ချမှတ်သွားနိုင်ရေး ကိစ္စတွေကို အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်ရဲ့ တင်ပြဆွေးနွေးချက်တွေကို အစိုးရအဖွဲ့ဝင်တွေက ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ ကြပြီးတော့ အဲဒီအကြံပြုချက်တွေကို ထည့်သွင်းပြီး မကြာခင်အချိန်မှာ အရည်အချင်းစစ်ဆေးရေးကော်မတီကို ဖွဲ့စည်း သွားမှာဖြစ်တယ်ဆိုပြီးတော့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။