ပြည်သူ့ရင်ခွင်ခိုလှုံရေး တိုက်တွန်းနှိုးဆော်ချက်

ပြည်သူ့ရင်ခွင်ခိုလှုံရေး တိုက်တွန်းနှိုးဆော်ချက်
တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအား ပြည်သူ့ရင်ခွင်ခိုလှုံလာရေးအတွက် ရုပ်ရှင်သရုပ်ဆောင် ဒေါင်း ရဲ့ တိုက်တွန်းနှိုးဆော်ချက်ကို နားဆင်ကြရမှာဖြစ်ပါတယ်။
#SpringRevolution
#PVTV
#Speech

Add your reaction

  1. ယူနီ​ဖောင်းအ​ပေါ် လိပ်ပြာလုံ​စေဖို့ရာ အနုပညာရှင်တစ်ဦးအ​နေနဲ့ ​မေတ္တာစာဖြန့်​ဝေ အမြင်မှန်ရ​စေချင်တဲ့ ကို​ဒေါင်းရဲ့​စေတနာစကား​တွေကို ​​သေချာစွာစဥ်းစားသုံးသပ်ပြီး ပြည်သူ့စစ်သားများအဖြစ် ဂုဏ်ယူစွာမြင်​တွေ့ချင်ပါတယ် ရဲ​ဘော်အ​ပေါင်းတို့​ရေ

  2. အထူးသတိထားရမည့် အင်အားစု….

    ကျွန်တော်က မီးသတ် ဆိုတော့ မီးသတ်စကားပဲပြောမယ်ဗျ

    PDF တွေ EAos တွေအနေနဲ့ မအလ ကို တိုက်မယ်ဆိုရင်
    သန္ဓေမီးသတ်အင်အား ၃သောင်းခွဲကို
    လျော့တော့မတွက်စေချင်ဘူး။

    မီးသတ်ဆိုတဲ့အတိုင်း မီးပဲသတ်ရတယ်ထင်မနေနဲ့
    သင်တန်းကျောင်းမှာ လက်နက်မဲ့စစ်ရေးပြနဲ့ လက်နက်ငယ်ပစ်ခတ်စဥ်
    ဝင်ခဲ့ပြီးသား နိုင်ငံတော်ရဲ့အရန်အင်အားနော်

    ကပစကနေ မီးသတ်တပ်ဖွဲ့အတွက် လူစာရင်းနဲ့အလုံအလောက်
    လက်နက်ငယ်အရေအတွက် အပြည့်အဝထုတ်ပေးထားပြီးသား
    နိုင်ငံတော်အရေးပေါ်အခြေအနေအတွက် နောက်ချန်အင်အားပဲ ဒင်းတို့က

    ပြီးတော့ ရုံးမှာပဲ မီးမလောင်ရင် သံချောင်းခေါက်ပြီး အိပ်နေရတဲ့
    မီးသတ်တွေလက်ထဲ သေနတ်ထည့်ပေးလိုက်ရင်
    မျောက်လက်ထဲ အုန်းသီးရသလို ဘုံမြောက်သွားပြီး ဆော်မဲ့ကောင်တွေဆိုတာကိုလည်း
    မမေ့ကျပါနဲ့

    မီးသတ်ရုံးမှန်သမျှသည် မြို့ပေါ်ရဲ့ အချက်အချအကျဆုံးနေရာတွေမှာပဲ
    တည်ဆောက်ထားတာ ကင်းမျှော်စင်တွေရှိတယ်
    မျှော်စင်မရှိတဲ့စခန်းဆိုရင်တောင် ရေစင်ကတော့ရှိတယ်
    တပ်ထဲကကောင်တွေကလည်း အခုဆိုရင် မီးသတ်စခန်းတွေထဲမှာ
    အေးဆေး လက်နက်ကိုင်ပြီး နေရာယူထားတာ အာ့တာတွေကိုလည်း
    သိထားသင့်တယ်

    PDF တွေအတွက်တော့ မီးသတ်တွေက လက်နက်မကိုင်ရဘူး
    လုပ်ရင်ခံရမှာပဲ သနားပါတယ်လို့တွေးနေရင်တော့
    မီးသတ်ကင်းတဲထဲက ချေမှုန်းရေးရိုင်ဖယ် MA ၁ အဟောင်းတွေနဲ့
    ခင်ဗျားတို့ကိုဆော်လိမ့်မည်
    သတိချပ်စေချင်ပါတယ်

    စစ်ကောင်စီကိုတိုက်မယ်ဆိုရင် စစ်သားတွေ တဖြုတ်ဖြုတ်ကြွေကျနေရင်
    ပြီးမယ်လို့လည်းမတွေးပါနဲ့ ဘဲဥတွေကိုတောင် ချင်းပြည်ပို့သေးတဲ့ကောင်တွေက
    နက်ပြာကောင်တွေကို ကျည်ကာနဲ့ သေနတ်လက်ထဲထည့်ပေးလိုက်ရင်
    ဘာတွေဖြစ်မလဲတွေးသာကြည့်

    မီးသတ်ဆိုတဲ့အဖွဲ့အစည်းကို ချူပ်ကိုင်ထားတဲ့ ဗဟိုမီးသတ်ကော်မတီဆိုတာရှိတယ်
    အဲ့ဒီ ကော်မတီမှာ ဥက္ကဋ္ဌက ပြည်ထဲရေးဝန်ကြီး
    ပြည်ထဲရေးဝန်ကြီးဆိုတာ စစ်တပ်ကကောင်
    အာ့တာကြောင့် မီးသတ်ဆိုတာ ကလည်း အခုအချိန်မှာ စစ်တပ်တစ်တပ်ပဲဆိုတာ
    မမေ့ကျပါနဲ့

    အချစ်နဲ့စစ်မှာ တရားတာမရှိဘူးဆိုပေမဲ့
    မတရားတာကိုတော်လှန်နေတဲ့ ကျူပ်တို့အတွက် မတရားတဲ့ဘက်မှာ
    နေတဲ့ကောင်တွေကို သနားနေရင် ခင်ဗျားတို့အတွက် အန္တရယ်များစွာရှိကြောင်း

    အရေးတော်ပုံအောင်ဖို့အတွက် တော်လှန်ရေးမှာ လုပ်သင့်လုပ်ထိုက်တာကိုလုပ်သင့်ကြောင်း ဂရုစိုက်သင့်တာကိုလည်း ဂရုစိုက်သင့်ကြောင်း
    ဘာမသိညာမသိ ကျွန်တော်က တိုက်တွန်းလိုက်ပါသည်။

    ပြည်သူ့ဘက်ကရပ်တည်ပြီးအာဏာရှင်ဆန့်ကျင်နေတဲ့
    အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် CDM မီးသတ်တပ်ဖွဲ့ဝင်များအား
    လေးစားလျက်..Win Khaing
    #အရေးတော်ပုံအောင်ရမည်

    🇹🇼🇹🇼
    #အနွယ်တော်

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.