ပြည်သူ့တော်လှန်ရေး ထောက်ပို့မိသားစုရဲ့ မိသားစုစကားဝိုင်းအစီအစဉ်
မေ ၆ ၊ ၂၀၂၂
ပြည်သူ့တော်လှန်ရေး ထောက်ပို့မိသားစုက စီစဉ်တင်ဆက်မဲ့ “နှလုံးရည်ဖြင့် တော်လှန်ကြသူများ” မိသားစု စကားဝိုင်းကို မေ ၈ ရက်(တနင်္ဂနွေ) မြန်မာစံ တော်ချိန် ည ၇ နာရီမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။
“နှလုံးရည်ဖြင့် တော်လှန်ကြသူများ” မိသားစု စကားဝိုင်းမှာ ပြောကြားမယ့်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (AJAY) မှ နန်းလင်း၊ ရုပ်ရှင်သရုပ်ဆောင်/အဆိုတော် ချစ်သုဝေ ၊ CDMer (လက်ထောက်ညွှန် ကြားရေးမှူး၊ အားကစားနဲ့ ကာယပညာဦးစီးဌာန၊ (ယခင်) ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန)၊ သွေးစွန်းငွေ (Blood Money Campaign) တို့ဖြစ်ပြီး မော်ဒရေတာအနေနဲ့ ဒေါက်တာဖြိုးသီးဟ တို့ပါဝင်မှာဖြစ်ပါတယ်။
ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစုရဲ့ မိသားစု စကားဝိုင်းအစီအစဉ်ကို mizzima ၊ PVTV ၊ D-Day ချန်နယ်၊ PRF page ၊ CRPH – OFP နဲ့ ကာ ကွယ်ရေးဝန်ကြီးဌာန ဖေ့စ်ဘွတ်ခ်ပေ့ချ်တွေကနေ တိုက်ရိုက်ထုတ်လွှင့်သွား မှာဖြစ်ပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။