ပြည်သူ့ဆန္ဒမပါဘဲ ဗန်းမောက်မြို့နယ်ထဲမှာ ဆက်ကြေးကောက်နေတဲ့အဖွဲ့များ ရပ်တန့်ကြဖို့နဲ့ ကောက်ခံထားတာ တွေကို မူလပိုင်ရှင်ထံပြန်ပေးဖို့ မြို့နယ်(ပကဖ) သတိပေး

ပြည်သူ့ဆန္ဒမပါဘဲ ဗန်းမောက်မြို့နယ်ထဲမှာ ဆက်ကြေးကောက်နေတဲ့အဖွဲ့များ ရပ်တန့်ကြဖို့နဲ့ ကောက်ခံထားတာ တွေကို မူလပိုင်ရှင်ထံပြန်ပေးဖို့ မြို့နယ်(ပကဖ) သတိပေး
ဇူလိုင် ၇၊ ၂၀၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်ထဲမှာရှိတဲ့ ပြည်သူတွေရဲ့ သဘောတူညီမှုဆန္ဒမပါဘဲ အဓမ္မ ငွေကြေးကောက်ခံနေတဲ့ အဖွဲ့တွေအနေနဲ့ ရပ်တန်းက ရပ်ကြဖို့နဲ့ ကောက်ခံရရှိထားတာတွေကို မူလပိုင်ရှင်တွေဆီ ပြန်လည်အပ်နှံပေးဖို့ ဇူလိုင်လ ၆ ရက်နေ့က ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထုတ်ပြန် လိုက်ပါတယ်။

ထုတ်ချက်ထဲမှာတော့ “ပြင်းထန်စွာသတိပေးပါသည်” လို့ သုံးနှုန်းထားတာကို တွေ့ရသလို အဲဒီလို လုပ်ရပ်တွေကို ဗန်းမောက်မြို့နယ်ထဲမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)စတဲ့ အာဏာရှင်တော်လှန်းရေးတပ်ဖွဲ့များက ပြည်သူတွေကို ကြောက်လန့်စေတာ၊ မတရားနှိပ်စက်တာနဲ့ မတရား ငွေတောင်းခံတာတွေကို လုံးဝဆန့်ကျင် ရှုံ့ချပါတယ်လို့ ဖော်ပြထားပါတယ်။

ထောက်လှမ်းသိရှိရတဲ့ အချက်အလက်တွေအရ ရှမ်းနီလက်နက်ကိုင်တပ်ဖွဲ့ (SNA)ဟာ ဗန်းမောက်မြို့နဲ့ ကျေးလက်ဒေသတွေမှာရှိတဲ့ လုပ်ငန်းရှင်တွေ၊ ဈေးဆိုင်တွေနဲ့ ပြည်သူလူထုအပေါ်မှာ ငွေကောက်ခံနေတာတွေကို မြို့ပေါ်မှာဆိုရင် အောင်ကမ္ဘာသိန်း(AGBT) စားသောက်ဆိုင်နဲ့ ROYAL GOLDEN CITY HOTEL တို့က တာဝန်ရှိသူတွေက လက်ခံပေးနေတယ်လို့လဲ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

အဲဒီအပြင် “ပြည်သူတွေကို နှိပ်စက်ညှင်းပန်းတာ၊ မတရားငွေတောင်းခံတာ၊ အတင်းအဓမ္မစေခိုင်းတာတွေကို ပြုလုပ်နေတဲ့ ဘယ်အဖွဲ့အစည်းမဆို အာဏာရှင်မင်းအောင်လှိုင်နဲ့တစ်စိတ်တစ်ဝမ်းတည်းလို့ သတ်မှတ်ပြီး ပြည်သူ့ ဘုံရန်သူစစ်ကောင်စီနဲ့တန်းတူ သတ်မှတ်ကာ ပြည်သူတွေရဲ့ ဆန္ဒအတိုင်းဆောင်ရွက်သွားမယ်”လို့ ဗန်းမောက် မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က သတိပေးထားပါတယ်။

ထုတ်ပြန်သတိပေးချက်ထဲမှာပါဝင်တဲ့ ရှမ်းနီတပ်ဖွဲ့ဟာ ဖောင်းပြင်နဲ့ ဗန်းမောက်အပြင် ကန့်ဘလူမြို့နယ်တို့မှာ စစ် ကောင်စီစစ်ကြောင်းနဲ့အတူလိုက်ပါပြီး လူထုနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို တိုက်ခိုက်နေတယ်လို့ ကန့်ဘလူမြို့ အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကလည်း ထုတ်ပြန်ထားပါတယ်။
#SpringRevolution
#PVTV
#TheArtOfRevolution
#Satire
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။

Add your reaction

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.