ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ

ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ
=========================

(၁၀.၁၀.၂၀၂၁)
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိသည်။

သတင်းအချက်အလက်များအရ(၉.၁၀.၂၀၂၁) ရက်နေ့တွင်
ရန်သူ့စစ်ရေးပစ်မှတ် – ၂၃ နေရာ
အုပ်ချုပ်ရေးပစ်မှတ် – ၂၁ နေရာနှင့်
စီးပွားရေးပစ်မှတ် – ၃ နေရာတို့ကို ခုခံတိုက်ခိုက်နိုင်ခဲ့သည်။

စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက တိုင်းဒေသကြီးများတွင် ဖြစ်ပွားပေါ်ပေါက်လျက်ရှိသည်။

မှတ်ချက်။ ။မြေပြင်တွင် ယခုတွေ့ရသည့် သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွားနိုင်ပါသည်။ ။

Add your reaction

  1. PDF နဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်နေကြသူများ အားလုံး
    တိုက်ပွဲတိုင်း ဘေးရန်ကင်းစွာအောင်ပွဲဆင်နိုင်ပြီး မအလ လက်အောက်ခံ စစ်ခွေး- ရဲခွေးများ-ဘောမ နေသူများ- ဒလံများ ပြည်ထိုင်ခိုး အဖွဲ့ဝင်များ အားလုံးတိုက်ပွဲတိုင်း- နေရာတိုင်းမှာ အသေဆိုးနဲ့သေကြပါစေ
    (ပြည်သူ့ကျိန်စာ) စူးကြပါစေ။

  2. MOD ကိုမေတ္တာရပ်ခံလိုတာကစစ်ကိုင်းတိုင်းတွင်းခုခံတော်လှန်မှု့များရာဒေသတွေကိုပိုကူပေးစေချင်ပါတယ်ရှင်။

  3. မြေပုံညွှန်းကိန်းအရဆို တနိုင်လုံးကိုမှ တော်လှန်တိုက်ပွဲက နည်းနေကြတော့ စစ်အုပ်စုဘက်က ပိုပိုပြီးပြင်ဆင်ကာ လုပ်ဆောင်မှုတိုးနေတာပေါ့။ ရန်ကုန်၊မန္တလေး၊ဧရာဝတီ၊ပဲခူးကလူတွေရေ အင်တာနတ်ပေါ်မှာပဲ လေတိုက်ပွဲလုပ်မနေကြပါနဲ့။ အချိန်တွေအရမ်းကြာပြီ။တကယ်လုပ်တဲ့နေရာတွေမှာလည်း ပိုဖိပီးဆော်ခံနေရတယ်။ ကိုယ်ချင်းစာကြပါ။ ညီညွတ်ကြပါ။

  4. စစ်ဆင်ရေး စမယ်လို့သတ်မှတ်ထားတဲ့ရက်တွေဟာ ၉ရက် ၁၂ရက် ၁၄ရက် ၁၇ရက် ဖြစ်ပါတယ်
    ဒီရက်တွေထဲမှာ ၉ရက်နဲ့ ၁၂ရက်ဟာ အပြင်းအထန်မွှေမယ့် ဒေသတွေအတွက် သတ်မှတ်ထားတဲ့ရက်ဖြစ်ပြီး ၉ရက်နေ့မှာ မမွှေခဲ့ရင် ၁၂ရက်နေ့မှာ စတင်ပြီးသေချာပေါက် မွှေမှာဖြစ်ပါတယ်

    ၁၄ရက် ၁၇ရက်ဟာ အပြင်းအထန် တိုက်ပွဲဖြစ်မယ့် ဒေသတွေအတွက် သတ်မှတ်ထားတာဖြစ်ပြီး တိုက်ပွဲအတွက် ပြင်ဆင်ရတာမို့ နောက်ချထားတာဖြစ်ပါတယ် ၁၂ရက်နေ့မှာ အပြီး ပြင်ဆင်ဖို့ အမိန့်ထုတ်ထားပြီး ၁၄ရက်နဲ့ ၁၉ရက်ကြားမှာ စိုးဝင်းအမိန့်ပေးတာနဲ့ ကြည်းတပ်နဲ့ လေတပ်ပေါင်းပြီး တိုက်ပွဲစမှာဖြစ်ပါတယ်

    တိုက်ပွဲအပြင်းအထန်ဖြစ်မယ့်ဒေသတွေဟာ ကချင် ချင်း မတူပီ မင်းတပ် မကွေး ဂန့်ဂေါ ယောဒေသ စစ်ကိုင်း ကလေး ပုလဲ ကနီ ယင်းမာပင် ကောလင်း ဝန်းသို ကသာ ရွှေကူ ထီးချိုင့် အင်းတော် ဗန်းမော် ဗန်းမောက် ပင်လယ်ဘူး စတဲ့ နယ်တွေဖြစ်ပါတယ်

    စစ်ကိုင်းမှာ ကွပ်ကဲမယ့်နှစ်ယောက်မှာ ကစထ ၁ တေဇာကျော်နဲ့ ကစထ ၆ သန်းလှိုင်တို့ဖြစ်ပါတယ် တေဇာကျော်ဟာ လက်နက်ကြီး အများအပြား သုံးတတ်တဲ့အကျင့်ရှိပြီး သန်းလှိုင်ဟာ Droneနဲ့ဝဲ အစီစဥ်ဆွဲပြီး မနက်စောစော ထတိုက်တတ်တဲ့အကျင့်ရှိပါတယ်

    လက်နက်ကြီး ပစ်ကူအတွက် အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူး ဗခ ဇော်ဝင်း သံချပ်ကာယန္တယားတပ်ဖွဲ့ ညွှန်ကြားရေးမှူး
    ဗခ ဇော်လွင်ဦးတို့ကိုလည်း စေလွှတ်ထားပြီး ဖြစ်ပါတယ်

    ပြင်ဆင်သင့်တာ ပြင်ဆင်ကြပါ

    အရေးတော်ပုံ အောင်ရမည်

    Source-ခင်ဦးသတင်း

  5. ဆက်လုပ်
    တို့ပြည်သူ့သူရဲကောင်းတွေတိုက်ပွဲတိုင်းအောင်ပ့စေ

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.