ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ
=========================
(၁၇.၉.၂၀၂၁)
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိရာ၊ သတင်းအချက်အလက်များအရ (၁၆.၉.၂၀၂၁) ရက်နေ့တွင် ရန်သူ့စစ်ရေးပစ်မှတ် – ၁၂ အုပ်ချုပ်ရေးပစ်မှတ် – ၁၆ နေရာ၊ စီးပွားရေးပစ်မှတ် – ၃ နေရာတို့ကို ခုခံတိုက်ခိုက်နိုင်ခဲ့သည်။ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက တိုင်းဒေသကြီးများတွင် ဖြစ်ပွားပေါ်ပေါက်လျက်ရှိသည်။
မှတ်ချက်။ ။ မြေပြင်တွင် ယခုတွေ့ရသည့် သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွားနိုင်ပါသည်။
Like – 6.7K Share – 473