ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ…

ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ
=========================

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိရာ၊ သတင်းအချက်အလက်များအရ
(၇.၉.၂၀၂၁)မှ (၁၇.၉.၂၀၂၁) ရက်နေ့အထိ
၁၁ရက်တာအတွင်း ရန်သူ့စစ်ရေးပစ်မှတ် – ၁၇၁ အုပ်ချုပ်ရေးပစ်မှတ် – ၈၈ စီးပွားရေးပစ်မှတ် – ၁၁၈ ခုခံတိုက်ခိုက်နိုင်ခဲ့သည်။ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက တိုင်းဒေသကြီးများတွင် ဖြစ်ပွားပေါ်ပေါက်လျက်ရှိသည်။
မှတ်ချက်။ ။ မြေပြင်တွင် ယခုတွေ့ရသည့် သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွားနိုင်ပါသည်။

Like – 6K Share – 325

Public Voice Television Facebook

Add your reaction

  1. အဲ့ဒါလောက်နဲ့မကျေနပ်နေကြပါနဲ့
    ရွက်ကုန်ဖွင့်ဖို့ကြိုးစားကြပါ

  2. အခုလိုတင်ပြတာ အင်မတန်ကောင်းပါတယ်။ ပြည်သူလူထုက စစ်အုပ်စုဖြန့်တဲ့သတင်းအတုကြားမှာ တိုင်ပတ်နေကြတာ

  3. လူထုအားအထားရဆုံး ကချင်နဲ့ကရင်မှာတိုက်ပွဲအကြိမ်ရေနည်းနေတာကြောင့် စစ်အုပ်စုက PDFတွေရှိတဲ့ဒေသကိုစစ်အင်အားအများကြီပို့ကာပိုမိုဖိတိုက်လို့ရနေတာ။

  4. မောင်ငယ်ရင်သွေး သေချာတွေးလော့
    ရှေးသရောအခါ မြန်မာပြည်ဝယ်
    လွန်စွာဆိုးယုတ် စစ်ဗိုလ်ချုပ်တို့
    အုပ်ချုပ်ခဲ့စဉ် ကြက်ဆူပင်စိုက်
    ရတနာသိုက်တူး လယ်မြေကျူးကျော်
    လွှတ်တော်ဝင်ရှုပ် ကျောက်စိမ်းထုတ်လျက်
    ဂတ်စ်နှင့်တောတောင် အကုန်ဖျောင်ပြီး
    မှုးယစ်တွေ့လျင် ပိုင်ရှင်မဲ့လုပ်
    ကျွန်းသစ်ခုတ်၍ ဘိန်းထုတ်နိုင်ငံ
    ကမ္ဘာ့စံတင် ကိုယ်ကျိုးအမြင်နဲ့
    လစဉ်ကြေးယူ ပြည်သူမုန်းတီး
    စစ်ဗိုလ်ကြီးများ ချမ်သာသွားတယ်👌

    တိုင်းပြည်ကိုဖျက် ကျင့်ပျက်ခြစား
    ဝန်ကြီးများတို့. ခိုးစားဖို့ရန်
    နောက်ကြောင်းမပြန်ရ
    ရေးဆွဲကြဘိ ဥပဒေရှိတယ်

    ပြည်သူအများ ဆင်းရဲသားဖြစ်
    သူတို့ခေတ်အောက် ဒုက္ခရောက်၍
    အကြောက်တရားနဲ့. အုပ်ချုပ်သွားခဲ့👌

    ယခုခါသော် လွှတ်တော်ဝင်ရှုပ်
    စစ်ဗိုလ်ချုပ်တို့. အမြဲယုတ်မာ
    အာဏာရရန် စိတ်အကြံနဲ့
    အသဲအသန် မဲဆွယ်ပြန်ပေါ့
    မင်းတို့အထံ အလှူခံမည့်
    အသဲကြားက မဲတပြားတည်း

    ဒီမယ်လူလေး သေချာတွေးလော့
    မဲဆွယ်ခါနီး ထိုလူကြီးတိုင်း
    ဘာသာမှိုင်းတိုက် လူပိန်းကြိုက်ဆောင်
    မဲရအောင်ဟော ဟာသနှော၍
    သဘောမရိုး အမျိုးဘာသာ
    သာသနာကို စောင့်ရှောက်လိုသတဲ့

    အချုပ်အခြာ အာဏာရလို
    မုသားဆိုငှါး နေ့တိုင်းကြားတော့
    စဉ်းစားကြည့်ရာ မျိုးဘာသာကို
    သာသနာဖျက် ရက်စက်လေတိုင်း
    သမိုင်းနဲ့ချီ လယ်တီသိမ်ဖြို
    သံဃာကိုသတ် ပြည်သူသတ်တဲ့
    တပ်ထွက်လူယုတ် တရုတ်နဲ့ပေါင်း
ုပြည်သူအပေါင်းလဲ ထောင်းထောင်းကြေခဲ့💔

    မောင်ငယ်ရင်သွေး
    သေချာတွေးတော ကိုလူချောတို့
    ဘောင်းဘီကိုချွတ် ပုဆိုးဝတ်လျက်
    တပ်ထွက်ယောင်္ကျား လူညံ့များက
    အမိမြေတွင် တရုတ်ကိုသွင်း၍
    သယံဇာတ. မွဲပြာကျအောင်
    တူးဆွမြေလှန် ကိုယ်ကျိုးအကြံနဲ့
    ဆန္ဒပြရန် ငွေကုန်ခံပြီး
    နေ့စားခပေး ဒန်ပေါက်ကြွေးဆင့်
    ကြံ့ခိုင်ဖွင့်ဖြိုး သခိုးပါတီ တည်ထောင်သည်ဟု
    စစ်တပ်ကပြောင်း သူခိုးအပေါင်းနဲ့
    ခြေဥမပြင် သူခိုးဘုရင်တို့
    မဲဆွယ်မည့်လမ်း အလှူခံကြမ်းက
    ဟော့ရမ်းမဆို ပါးနပ်လိုသည်
    အတိတ်ကအကြောင်း မမေ့ကောင်းတည်း

    ဒေါ်လေးငဲ

    Copy ယူ မျှ​ဝေကြပါ

  5. ကလေးတေလက်နက်မပြည့်မဆုံနဲ့အသေခံတဲ့အကိုတေခံအဖမ်းခံရလို့လည်းမြို့ပေါ်မာလူငယ်တေကုန်တော့မယ်တောင်ပိုင်းတိုင်းတို့မြောက်ပိုင်းတိုင်းတို့ဘယ်ချိန်မှလာမာလည်းဟင်မြေပုံပြောက်မှလား😌😌😌😌

  6. အကျင့်ပျက်ခြစားယုတ်မာကောက်ကျစ်အောက်တန်းစောက်ကျင့်တွေရင့်သန်ပြီးမိစ္ဆာသန္ဓေတည်နေတဲ့ဖက်စစ်မအလစတအမြစ်ပြတ်ပါစေ

  7. စစ်ကိုင်းနဲ့ချင်းဘက်မှာအဖိခံနေရတယ်
    ကချင်နဲ့ ကရင်ဘက်ကရှေ့မတိုးကြတော့ဘူးလား စခဘက်ကမတိုက်တာနဲ့အေးဆေးပဲနေကြတော့မှာလား

  8. ကာကွယ်ရေးဝန်ကြီးဦးရည်မွန် က ချင်းတွေကိုငါးမျှားစာဖြင့်သုံးနေတာလား။

  9. ထပ်ပြောပါအုံးမယ်။
    စိတ်နာလွန်းလို့-

    မင်းတို့ပြောပြောနေတဲ့ မြို့ပြတိုက်ပွဲဆိုတာ အလုပ်ဖြစ်မှာမဟုတ်ဘူး။
    ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ဆုံးပါးပျက်စီးဖို့ပဲရှိတယ်။

    ယခုက မြို့ပြတိုက်ပွဲဆိုပြီး ဟိုလေလုံးထွားအဖွဲ့တွေ မြှောက်ပေးတိုင်းသွားမလုပ်ကြနဲ့။ သူတို့လမ်းစဉ် တစ်ခုမှအောင်မြင်ဖို့ မသေချာဘူး။

    ​ကျေးရွာတွေအနီးနား တိုက်ပွဲဖြစ်ရင်တောင် ပြည်သူတွေကို ဓားစာခံလုပ်ပြီးတစ်ရွာလုံးမီးရှို့ဖျက်ဆီးပစ်တာတွေ နှစ်ပေါင်း(၇၀)ကျော်အတွင်း တိုင်းရင်းသားဒေသတွေမှာ စစ်တပ်ရဲ့လူမဆန်တဲ့လုပ်ရပ်​တွေအများကြီး။ အဲ့ဒီအတွက် အစားထိုးမရှိဘူး။

    ယခုမြို့ပေါ်မှာ သူတို့ကိုသွားတို့ကြည့် လက်ခုပ်သီးကြပါလိမ့်မယ်။ဒါကိုအကြောင်းပြပြီး၊ ပြည်သူ့ အိုးအိမ်စည်းစိမ်တွေ မီးရှို့ဖျက်ဆီးအုံးမှာပဲ။ ကျုပ်တို့ချင်းတောင်မှာ အဆိုးဆုံး၊ အယုတ်တမာဆုံးအခြေအနေ ယခုဖြစ်နေပြီ။

    ဒီလိုဖြစ်ရပ်တွေ ထပ်ခါထပ်ခါဖြစ်လာရင် ပြည်သူတွေက ဒီတော်လှန်ရေးကို တဖြည်းဖြည်းစိတ်ပျက်/စိတ်နာလာကြပါလိမ့်မယ်။ ဒါက သူတို့ရဲ့ဗျူဟာ။

    ယခုချိန်ထိ ကြည့်ရတာ မြို့ပြတိုက်ပွဲဆိုတဲ့ဟာက ထိရောက်မှုမရှိတဲ့အပြင် နည်းလမ်းများမှားနေသလား ပြန်သုံးသပ်သင့်ပြီ။ ပြည်သူတွေဖက်က နစ်နာဆုံးရှုံးမှုနဲ့ လုံးဝမတန်ဘူး။ ပိုဆိုးတာက အဲ့ဒီအတွက် ဘာအာမခံချက်မှ မရှိဘူး။

    ယခုမြို့ပေါ်တိုက်ပွဲမှာ နှစ်ဖက်လက်နက်ကိုင်အချင်းချင်းထဲက ဘာမှထိခိုက်မှုတစ်စုံတရာမရှိဘဲ၊ ကိုယ့်အိမ်ထဲမှာနေနေရတဲ့ ပြည်သူတွေပဲအလကားသေပေးနေရတာတွေ၊ အိုးအိမ်စည်းစိမ်တွေ မီးရှို့ဖျက်ဆီးခံနေရတာတွေလောက် စိတ်ပျက်စရာကောင်းတဲ့ ဖြစ်ရပ်ဘယ်မှာရှိအုံးမလဲ?

    ကျုပ်တို့က နိုင်ငံရေးပဲလုပ်လုပ်၊ တော်လှန်ရေးပဲလုပ်လုပ်၊ အများပြည်သူနဲ့ဆိုင်တဲ့ မည်သည့်အရာပဲလုပ်လုပ် ပြည်သူတွေ ထိခိုက်နစ်နာမှုအနည်းဆုံးလမ်းစဉ်ကို ရွေးချယ်တတ်ဖို့လိုတယ်။ လုပ်ရတဲ့ရည်ရွယ်ချက်ကလည်း ပြည်သူ့အတွက်ဖြစ်ရပါမယ်။ ဒီအချက် (၂)ချက်ကို အခြေမခံရင် အောင်မြင်ဖို့ အလှမ်းဝေးသွားပါလိမ့်မယ်။

    ကျုပ်တို့ ချင်းတွေကို မင်းအောင်လှိုင်က ရစရာမရှိအောင် အထင်အမြင်သေးဇော်ကားခဲ့တာ အားလုံးသိပါလိမ့်မယ်။ မိမိအမျိုးသားရေး ဂုဏ်သိက္ခာအတွက် မင်းအောင်လှိုင်တပ်ကို ဒီထက်မှတ်လောက်သားလောက်အောင်ဆုံးမသင့်တယ်။ သို့သော် ကိုယ့်ပြည်သူတွေထိခိုက်မှု အနည်းဆုံးဖြစ်အောင် ခေါင်းလေးသုံးတတ်ဖို့တော့လိုအပ်ပါလိမ့်မယ်။

    နောက်ဆုံး Message ပေးချင်တာက-

    “စစ်တပ်ကို မြို့ပြင်ထွက်မလာနိုင်အောင် တားဆီးရမယ်။ ကိုယ့်ရဲ့ ထိန်းချုပ်မှု၊ အုပ်ချုပ်မှုယန္တရားက ကျေးရွာတွေအားလုံးမှာ အသက်ဝင်အောင်လုပ်ရမယ်။ ဒါက ပြည်သူတွေထိခိုက်မှု အနည်းဆုံးနဲ့ ဖြစ်နိုင်ချေအများဆုံးလမ်းစဉ်ဖြစ်တယ်။”

    တခါတရံ လူမုန်းမခံချင်လို့ တစ်ချို့ကိစ္စရပ်တွေကို မပြောဘဲကြည့်နေလိုက်တယ်။ မပြောပြန်တော့လဲ နားမလည်ကြဘူး။

    အထူးသဖြင့် ချင်းစစ်ဦးစီးချုပ်ကြီးများ ဒီတော်လှန်ရေးကို သေသေချာချာစဉ်းစားပြီး ဦးဆောင်ဖို့တော့လိုနေပြီ။

    ချင်းတွေအပေါ် စစ်တပ်ရဲ့လူမဆန်တဲ့လုပ်ရပ်တွေဟာ လူသားမျိုးနွယ်အပေါ်ဆန့်ကျင်ကျူးလွန်သောပြစ်မှု (Crime against humanity) ဖြစ်ပါတယ်။ ဒါကိုချင်းတစ်မျိုးသားလုံးက ဆန့်ကျင်ရှုတ်ချရပါလိမ့်မယ်။

    The Tatmadaw’s actions against on the Chin People-
    #WeNeverForget.
    #WeNeverGiveUp.

    Salai Thang Naing(Vakok)
    19,9,2021

  10. ပြည်သူ့တော်လှန်ရေး အောင်ရမည်
    မအလစခ ကျရှုံးပါစေ

  11. သုံးစားမရတဲ့ NUG စောက်ရေးမပါတဲ့ စာပဲထုတ်နေတဲ့ ဆတ်လီးကို ခွေးမျှော်သလို့ ယခုအချိန်ထိ နိုင်ငံတကာကို မျှော်နေတုန်းပဲ ပြည်တွင်းမှာ စကစ သတ်ဖြတ်လို့ ပြည်သူတွေ့ သေနေပြီး

  12. ချင်းပြည်နယ် နဲ့ စစ်ကိုင်းတိုင်းပြည်သူတွေကို ကာကွယ်ဖို့ NUG ဘာလုပ်မလဲ
    ပြည်သူတွေအသက်တွေ တန်ဖိုးရှိပါတယ်

  13. ရခိုင်တွေငြိမ်တာ ကောင်းတယ် သူများရူးတိုင်း လိုက်မရူးတာကို ပြတာပဲ

  14. လက်နက်တော့ရအောင်လုပ်ကြပါ စောက်ရေးမပါ‌တာတွေထိုင်လုပ်နေမဲ့အစား တကယ်မြေပြင်မှာတိုက်နေရတဲ့လူတွေက အသက်နဲ့လူတွေပါ

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.