ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက တိုက်ပွဲနားချိန်မှာ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဝင်ရောက်ကူညီလုပ်ကိုင်ပေး
ဇူလိုင် ၁၃ ၊ ၂၀၂၂
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက တိုက်ပွဲနားနေချိန်အတွင်းမှာ ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဝင်ရောက်ကူညီလုပ်ကိုင်ပေးနေကြတဲ့ ဓာတ်ပုံတွေကို တောကြီးမြွေပွေး ပြောကျားတပ်က ထုတ်ပြန်လိုက်ပါတယ်။
တောကြီးမြွေပွေး ပြောက်ကျားတပ်က ဝက်လက်မြို့နယ်မှာ အခြေစိုက်တာဖြစ်ပြီးတော့ ကျေးရွာတွေရဲ့ လမ်းတွေကိုပြု ပြင်ပေးတာ၊ ရေဆိုးကန်တွေကို သန့်ရှင်းရေးပြုလုပ်ပေးနေတဲ့ ပုံတွေကို တရားဝင်ထုတ်ပြန်ပေးလိုက်တာပါ။
တောကြီးမြွေပွေး ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးကတော့ အခုလို ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက် ရတာက ကျေးရွာတွေမှာ ရွာကိုအုပ်ချုပ်တဲ့ လူကြီးတွေ မရှိတော့တဲ့အတွက် ရွာသာယာရေးလုပ်ဆောင်မယ့်သူတွေ မရှိ တော့လို့ အခုလို ဝင်ရောက်ကူညီလုပ်ဆောင်ပေးရတာလို့ ပြောထားပါတယ်။
တောကြီးမြွေပွေးအဖွဲ့လိုပဲ ရွှေဘိုခရိုင်အတွင်းက ပြည်သူ့ကာကွယ်ရေးတပ်တွေဖြစ်တဲ့ ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့၊ C&T Shwebo LDF၊ Snake Eyes LDF၊MDF Shwebo၊ Alpha 7 LDF၊ Shwebo Federal Army၊ ဒေါင်းမာန်အဖွဲ့တို့ကလည်း ဒီနေ့မှာ ပြည်သူတွေ သွားလာရခက်ခဲနေတဲ့ လမ်းတွေကို ပြုပြင်ရှင်းလင်းမှုတွေ ပြုလုပ်ပေး ခဲ့ပါသေးတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။