ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရန်ကုန်) ဆိုတဲ့နာမည်နဲ့ထုတ်ပြန်ချက်အတုတစ်စောင်ဖြန့်ဖြူးနေ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရန်ကုန်) ဆိုတဲ့နာမည်နဲ့ထုတ်ပြန်ချက်အတုတစ်စောင်ဖြန့်ဖြူးနေ
၂၀ နိုဝင်ဘာလ ၂၀၂၁

အကြမ်းဖက်စစ်အုပ်စုအားပေးထောက်ခံသူတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရန်ကုန်) ဆိုတဲ့ နာမည်နဲ့ ထုတ်ပြန်ချက်အတုတစ်ခုကို နိုဝင်ဘာလ ၁၉ရက်နေ့ညပိုင်းက တယ်လီဂရမ်ချယ်နယ်တွေနဲ့ ဖေ့ဘွတ်ခ် ဂရုတွေမှာ လိုက်လံဖြန့်ဝေနေတာကို PVTV အချက်အလက်စစ်ဆေးရေးအဖွဲ့ကတွေ့ရှိခဲ့ပါတယ်။

အဲ့ဒီထုတ်ပြန်ချက်အတုထဲမှာ ရေးသားထားတဲ့အကြောင်းအရာတွေက အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီး တာခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်နဲ့ပတ်သက်ပြီး လုပ်ကြံသတင်းတွေကို ဖော်ပြထားတာဖြစ်ပါတယ်။ အဲ့ဒီထဲမှာဆိုရင် Yangon PDF အနေဖြင့် စစ်ကြောမေးမြန်းခံရချိန် ဦးဖြိုးဇေယျာသော်အနေဖြင့် လက်အောက်ငယ်သားများ၏အချက်အလက်ကို ဖော်မည်ဟု သံသယ ရှိနေကြောင်းနဲ့ ဖမ်းဆီးခံရချိန်မှာ လက်နက်အသင့်ရှိနေပါလျှက် ပြန်လည်ခုခံခြင်းမပြုပဲ အသာတကြည် အဖမ်းခံသွားခြင်းပေါ် ပြစ်တင်ရှုတ်ချတယ်လို့ ရေးသားဖြန့်ဖြူးထားတာဖြစ်ပါတယ်။

အချက်အလက်စစ်ဆေးချက်အရ အဲ့ဒီထုတ်ပြန်ချက်ဟာ အတုဖြစ်ပြီးတော့ ယခင်ကလည်း ကျဆုံး PDF တွေရဲ့ ဇနီးမယားတွေကို မဲဖောက်ပေးမယ်ဆိုတာမျိုးတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို အပြင်းအထန်သတိပေးတယ်ဆိုတာမျိုး ထုတ်ပြန်ချက်အတုတွေကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရန်ကုန်) ဆိုတဲ့နာမည်နဲ့ထုတ်ပြန်ခဲ့ဖူးပါတယ်။

PVTV အချက်အလက်စစ်ဆေးရေးအဖွဲ့မှ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ မြေပြင်လှုပ်ရှားမှုများဆောင်ရွက်နေသူတွေကို ဆက်သွယ်မေးမြန်းမှုအရ PDF(Yangon) ဆိုတဲ့အဖွဲ့ဟာ မြေပြင်မှာလုံးဝမရှိတဲ့အကြောင်း ကို ဖြေကြားခဲ့ပါတယ်။
ဒါကြောင့် တယ်လီဂရမ်ချယ်နယ်တွေနဲ့ ဖေ့ဘွတ်ခ်ဂရုတွေမှာ အကြမ်းဖက်စစ်အုပ်စု အားပေး ထောက်ခံနေကြတဲ့ လော်ဘီအကောင့်တွေက ဖြန့်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရန်ကုန်) ဆိုတဲ့နာမည်နဲ့ထုတ်ပြန်ချက်ဟာ အတုဖြစ်ကြောင်းကို မိဘပြည်သူတွေိကို အသိပေးချင်ပါတယ်။

#Springrevolution
#PVTV_Fact_Checking
#Disinformation
#NUG

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.