“ပြည်သူသန်းငါးဆယ်ကျော်”…
“ပြည်သူသန်းငါးဆယ်ကျော်”
အဓမ္မကို ဆရာတင်၊ အာဏာသွေးနထင်ရောက်တော့
ခေါင်းမပါလူတစု၊ အုပ်စုဖွဲ့အမြန်စုစည်းသတဲ့…..
ပြည်သူပိုင် လက်နက်အတင်းလု၊
မုသားစကား ထမင်းစားသလိုသုံးပြီး
ပြည့်နှလုံးသားအမေအို ကို
လှောင်အိမ်ထဲ အမြန်ထည့်သတဲ့…..
ပေမမှီလူ့သူခိုး၊ မှိုင်းမိလူ့သူဝှက်ကို လက်ဟန်ပြ
အလိုက်သိလွန်းသူလူ့သူဝှက်၊ဆရာ့အလိုကျအမှုဆင်
တရားမှုကင်းမဲ့ရုံးမှာ မတရားမှုခြောက်ခုနဲ့
အမေအိုကို ဆွဲချက်တင်သတဲ့….
နေရာမသိ၊ တရားမှုကင်းမဲ့ရုံးမှာ
အမေအိုရဲ့ ဒုတိယအကြိမ်ရုံးချိန်း
မိသားစုဝင်မရှိ၊ တရားမျှတမှု မရှိ
သို့သော်
တိတ်ဆိတ်မှု အားကြီးသတဲ့
စိတ်ဝိဉာဉ်သန်းငါးဆယ်ကျော် အတူရှိ‌ နေသတဲ့
ပြည်သူ့ ရှေ့ နေတွေရဲ့ မှန်ကန်ရိုးသားသစ္စာရှိမှု ကြီးစိုးသတဲ့……
အမေအိုက ပြည်သူ့အတွက်
ရတဲ့အချိန်မှာမေတ္တာစကားပါးတယ်
“ကျန်းမာဖို့ ဂရုစိုက်ကြပါ” ၊
မေတ္တာစစ်က အစွမ်းထက်တော့
ပြည်သူတွေ ကျန်းမာ၊စည်းလုံးနေကြပါတယ်…
ဒါပေမဲ့
ယုတ်မာသူ လူတစုကြောင့်
ပြည်သူတချို့ကမူ
အ‌‌ေမ အိုရဲ့ မေတ္တာ စကား၊
ကြားဖို့မစွမ်းနိုင်တော့ပါသတဲ့….
ဗိုလ်ချုပ်က ဇနီးကိုပြောတယ်
“ပဲပြုတ်နဲ့ နံပြားရရင်စားချင်တယ်”
အမေအိုက ပြည်သူ့ရှေ့နေတွေကို အကူအညီတောင်းတယ်
“ဆေးဝါးနဲ့ ရိက္ခာစီစဉ်လို့ရရင် စီစဉ်ပေးပါ”
ရှေ့နေ‌တွေ
သ‌တင်းထောက်တွေ
သတင်းကြားသမျှလူတွေ အားလုံး၊အားလုံး
အပြင်မှာရော စိတ်ထဲမှာပါ
မျက်ရည်ကျ ကြသတဲ့……
ဒီသတင်းကြားတော့
ဆိုက်ကားဆရာကြီး၊ အားမာန်အပြည့်နဲ့
သူစုထားတဲ့ငွေ၊ ဝယ်ထားတဲ့ဆေးဝါး ပို့ပေးချင်ကြောင်း ပြောဆိုသတဲ့…
ဒီသတင်းစကားကြောင့်
အမေအို ဆီသွားတွေ့ နိုင်ဖို့
ပြည်သူသန်းငါးဆယ်ကျော်
အရင်ကထက် ပိုကြိုးစားပြင်ဆင်သတဲ့…
အောင်နွေဦး
08.06.2021_Tue
#SpringRevolution
#PVTV
Like – 13K Share – 1822
Public Voice Television Facebook
Add your reaction
  1. အမေစု…
    အမေ…
    အမေ့ မေတ္တာတို့ ကြောင့်…
    အမေ့ မွေးနေ့မှာ
    ကမ္ဘာသူ ကမ္ဘာသား အားလုံး
    နှင့်တကွ ပြည်ထောင်စု မြန်မာနိုင်တော်
    ပြည်သူလူထုအားလုံး ကျန်းမာချမ်းသာပါတယ်…အမေ။
    ၃၁ သား အားလုံးလည်း..
    အမေ့ မေတ္တာတို့ကြောင့်…
    စိတ်၏ချမ်းသာခြင်း၊
    ကိုယ်၏ကျန်းမာခြင်း တို့ ဖြင့်…
    ပြည်စုံပါတယ်…အမေ
    ပြည်ထောင်စု
    မြန်မာနိုင်ငံတော်
    ပြည်သူလူထုကြီးရဲ့ အမေ့ အပေါ် ထားရှိတဲ့…
    မေတ္တာ တို့ ကြောင့်…
    အမေ…
    အမေ…
    ဘယ်နေရာရောက်ရောက်…
    ဘယ်ရောက်ဝေးဝေး…
    အမေစု…
    စိတ်၏ချမ်းသာခြင်း၊
    ကိုယ်၏ကျန်းမာခြင်း တို့ နှင့်
    ပြည့်စုံပြီး တရားဘာဝနာများကို
    စ တဲ့ တပိုး တိုး သည်ထက် တိုး လို့…
    ကမ္ဘာ့ရေမြေအနှံ့…
    နေရာ လပ် မကျန်….
    အမေ့…မေတ္တာ တွေ ပျံ့နှံ့နိုင်ပါစေ….
    အမေ…
    ကမ္ဘာ့ အချမ်းသားဆုံး နိုင်ငံကြီးတွေက
    လက်နက်ကြီးတွေ ပိုင်ဆိုင်တယ်…အမေ
    အမေစု…
    အမေ ပိုင်ဆိုင်တာက မေတ္တာလက်နက်။
    ကမ္ဘာပေါ်မှာ အကြီးမားဆုံးသော လက်နက်က မေတ္တာ လို့
    သား မှတ်ယူတယ်…အမေ။
  2. ၁၉၈၉ ကထဲက ​ကြောက်​ရွံ့ခြင်း
    မှကင်း​ဝေး​အောင်​ ပြည်​သူကို
    မျက်​စိ နား အလင်းခွန်​အား ​ပေး
    သနား​တော်​မူ​သော သံမဏိ နှင်း
    ဆီဟာ ဒီက​နေ့ထိ ​ပေးဆပ်​​နေရ
    တုန်းပါ သူမအ​နေနဲ့  အ​နေ သာကြီးပါ
    လူဖြစ်​ပြီးလူ လိုမ​နေ
    နိုင်​တာကိုက ဘယ်​သူအတွက်
    ရင်း စ​တေး​နေရ တာလည်း
    အဲ့တာ အ​ဖေ့​သွေး အာဇာနည်
    သူ့ နာမည်​ တဦးတည်း ဘာ​ကြောင့်​များလည်း ပြီးပြည့်​စုံပြီး
    သားဘဝကို ပြာပုံတိုး အနာခံ
    တိုင်းပြည်​ကိုချစ်​ ပြည်
    သူကိုချစ်​ လက်​​တွေ့ 
    ဆက်​မခံရ အကြိမ်​၂ ​ထောင်​သွင်းအကျဉ်းချမခံရ သူမချစ်​ရ​သော
    ပြည်​သူအတွက်​ ချစ်​သူ မုန်းသူ
    အားလုံးအတွက်​ ​မေတ္တာပန်း​တွေ
    ဖြန့်​ဝေနိုင်​တာ ရုပ်​နမ်​ တထပ်​ထဲ
    ကျ​အောင်​ ကျင့်​ကြံနိုင်​တာ
    အလာ တို့ ရဲ့ ​နောက်​က ကပ်​ လိုက်​​နေ​သော ဒီ သူမဟာ ဒီက​နေ့ ထိကို ဇရာဖြစ်​​နေ​ပေမဲ့
    မျက်​လုံးနဲ့ ဒူး ကမာ​ကြောတုံး
    မိုး​ပေါ်က ကျလာတဲ့ ဂျိုသား
    များလား ဗမာပြည်​အတွက်
    တ​နေ့တချိန်​​တော့ အ​ဖေလို ​ကျောက်​ရုပ်​အဖြစ်​ ထုဆစ်​ခံရ
    မဲ့ အာဂ မိန်းမမျိုးနွယ်​ သံမဏိ
    မီးအိမ်​ရှင်​ ဆိုတာ ဘာတဲ့တုန်း
    ပရိပ်​သတ်
  3. နားထောင်မိတိုင်း ကြားမိတိုင်းတွေးမိတိုင်း စိတ်ထဲကဝမ်းနည်း မျက်လုံးကမျက်ရည်ဝဲရပါတယ် နိုင်ငံ့မိခင်အမေအိုကြီး ကျန်းမာပြီး မတရားထိန်းသိမ်းခံရချင်းမှထာဝရလွတ်မြောက်ပါစေ
  4. စိတ်တွေမကောင်းလိုက်တာအမေရယ်၊အမေအတွက်ဆိုသမီးတို့ပြည်သူတွေလှူဖို့အဆင့်သင့်ပါအမေ။
Public Voice is Public Power.
PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.