ပြည်သူလူထုလုံခြုံရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကာကွယ်စောင့်ရှောက်ပေးလျက်ရှိ
ဂန့်ဂေါ၊ နိုဝင်ဘာလ ၂၇ ရက်
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောင်းများသည် မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်တွင် ဒေသခံပြည်သူများ၏နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူပိုင် စည်းစိမ်ဉစ္စာများကို မတရား လုယက်သိမ်းယူခြင်း၊ ပြည်သူများကိုဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ မူးယစ်ယမ်းကားခြင်း၊ ဂန့်ဂေါမြို့ပေါ်နှင့် ကလေး-ဂန့်ဂေါလမ်းပိုင်းတွင် PDF ဟု အမည်ခံကာ ခြိမ်းခြောက် ငွေညှစ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ အဆိုပါလုပ်ရပ်များမှ ဒေသခံပြည်သူများအား အကာအကွယ်ပေးနိုင်ရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ဂန့်ဂေါခရိုင်၊ တပ်ရင်းမှ တပ်စိတ် နှစ်စိတ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များသည် ဒေသတွင်း ကင်းလှည့်စောင့်ကြပ်ခြင်းဖြင့် လုံခြုံရေး ရယူပေးလျက်ရှိကြောင်း သတင်းရရှိသည်။