ပြည်သူလူထုကို တိုက်လေယာဉ်တွေ၊ စစ်ရဟတ်ယာဉ်တွေ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာအဖွဲ့အစည်းတွေက အမြန်ဆုံးအရေးယူပေးဖို့ KNPP တောင်းဆို
ဇန်နဝါရီ ၈ ၊ ၂၀၂၂
အကြမ်းဖက်စစ်ကောင်စီက အပြစ်မယ့်ပြည်သူလူထုကို တိုက်လေယာဉ်တွေ၊ စစ်ရဟတ်ယာဉ်တွေ အသုံးပြပြီး ဗုံးကြဲတိုက်ခိုက်မှု တွေ လုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာအဖွဲ့အစည်းတွေက အမြန်ဆုံးအရေးယူဖို့ ကရင် အမျိုးသားတိုးတက်ရေးပါတီက ဒီနေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ အကြမ်းဖက်စစ်ကောင်စီက အပြစ်မယ့်ပြည်သူလူထုများအား တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲ တိုက်ခိုက်နေတာကို နိုင်ငံတကာအဖွဲ့အစည်းတွေက အမြန်ဆုံးအရေးယူဆောင်ရွက်မှုတွေပြုလုပ်ဆောင်ရွက်သွားနိုင်ဖို့အရေးနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်လုံခြုံရေးအတွက် အမြန်ဆုံးကူညီဆောင်ရွက်ပေးရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီအနေနဲ့ လေးလေးနက်နက် တောင်းဆိုလိုက်ပါတယ်ဆိုပြီး ရေးသားထားတာတွေ့ရပါတယ်။
ကရင်နီပြည်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်အတွင်းအကြမ်းဖက်စစ်ကောင်စီက မနေ့က နံနက်ပိုင်းကစတင်ပြီး လက်နက်ကြီး တွေ နဲ့ပစ်ခတ်တိုက်ခိုက်တာကြောင့် မိုင်းလုံးရပ်ကွက်မှာရှိတဲ့ နေအိမ်တွေပေါ်ကျရောက်ခဲ့ပြီး အပြစ်မယ့်ပြည်သူ ၆ ဦးအထိ သေဆုံး ခဲ့ရတာလည်းဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်က ပြည်သူတွေကို မြင်မြင်သမျှ ပစ်ခတ်သတ်ဖြတ်နေတယ်လို့လည်း KNPP ပါတီက ပြောထားပါတယ်။
ဒါအပြင် အကြမ်းဖက်စစ်တပ်က မနေ့ညကစပြီးတော့ ဒီမနက်အထိကို တိုက်လေယာဉ်တွေ၊ စစ်ရဟတ်ယာဉ်တွေ အသုံးပြုပြီးတော့ ဗုံးကြဲတိုက်ခိုက်မှုတွေ တောက်လျှောက်လုပ်နေတာပါ။ ပြည်သူတချို့လည်း ပိတ်မိနေဆဲဖြစ်ပါတယ်။
စစ်ဘေးရှောင်စခန်းက ဒုက္ခသည် ၁၂၀၀ ကျော်လည်း နယ်စပ်ကိုဖြတ်ကျော်ပြီးတော့ တိမ်းရှောင်နေရသလို စစ်ဘေးရှောင်တချို့ လည်း နယ်စပ်ကို မဖြတ်ကျော်နိုင်သေးဘဲ ကျန်နေသေးတယ်လို့ KNPP ပါတီက သိရပါတယ်။
#SpringRevolution
#PVTV
#PVTVNews