ပြည်သူပိုင်လမ်းများပေါ် ပြန်လည်ရောက်တက်ရောက်ခဲ့တဲ့ လက်ပံတောင်းတောင်ပင်မ သပိတ်စစ်ကြောင်း
ဇူလိုင် ၁၆ ၊ ၂၀၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆာလင်းကြီးမြို့နယ်အတွင်းရှိ တော်လှန်ပြည်သူတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြလှုပ်ရှားမှုကို ဒီနေ့မှာ ပြုလုပ်ခဲ့ပါတယ်။
လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်းဟာ လူအင်အားအလုံးအရင်းနဲ့ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ပြည်သူပိုင်လမ်းမကြီးပေါ်မှာ “ဘုံရန်သူကို မမေ့ကြနဲ့” ဆိုတဲ့ စာသားတွေကိုင်စွဲကာ အကြမ်းဖက်စစ်အာဏာရှင် ကျရှုံးရေး သပိတ်စစ်ကြောင်းချီတက်ဆန္ဒပြခဲ့ကြတာပါ ။
ဆားလင်းကြီးမြို့နယ်အတွင်းမှာဆိုရင် နယ်မြေမငြိမ်မသက်မှုတွေကြားထဲက ဒေသခံပြည်သူတွေဟာ လူအင်အား အများအပြားနဲ့ ချီတက်ဆန္ဒပြလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။