ပြည်သူတွေ မနှစ်သက်တဲ့ စစ်အာဏာရှင်လက်အောက်မှာ ရှိနေသရွေ့ ငြိမ်းချမ်းရေးကို ရမှာမဟုတ်ဘူးလို့ ကုလအစည်းအဝေး မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား

ပြည်သူတွေ မနှစ်သက်တဲ့ စစ်အာဏာရှင်လက်အောက်မှာ ရှိနေသရွေ့ ငြိမ်းချမ်းရေးကို ရမှာမဟုတ်ဘူးလို့ ကုလအစည်းအဝေး မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
အောက်တိုဘာ ၅ ၊ ၂၀၂၂

ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးက ဒွန်တွဲရှိနေပြီးတော့ မြန်မာနိုင်ငံက ပြည်သူတွေ မနှစ်သက်တဲ့ စစ်အာဏာရှင်လက်အောက်မှာ ရှိနေ သရွေ့ ငြိမ်းချမ်းရေးကို ရရှိနိုင်မှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။

(၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒုတိယကော်မတီ (စီးပွားရေးနှင့် ဘဏ္ဍာရေး) ရဲ့ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှုမှာ အခုလိုထည့်သွင်းပြောကြားလိုက်တာပါ။

ဒါအပြင် မြန်မာ့ငွေကြေးတန်ဖိုးက သိသိသာသာလျော့ကျသွားပြီး ကုန်ဈေးနှုန်းတွေ တဟုန်ထိုးတက်လာကာ နိုင်ငံရဲ့ GDP က ၁၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်ဆိုတာနဲ့ လူ့စွမ်းအားအရင်းအမြစ် အမြောက်အမြား နိုင်ငံတွင်းမှ စွန့်ခွာသွားကြတဲ့အပြင် ခန့်မှန်းခြေ လူဦးရေ ၁၁ သန်းက ဆိုးရွားတဲ့ စားနပ်ရိက္ခာမလုံလောက်မှုနဲ့ ရင်ဆိုင်နေရကာ ၁၄ဒသမ၄ သန်းက လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေတယ်ဆိုပြီးတော့ ပြောကြားခဲ့ပါတယ်။

မြန်မာပြည်သူတွေက တရားမဝင်စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေးအရ ချွတ်ခြုံကျနေပြီး စားနပ်ရိက္ခာမလုံလောက်မှုနဲ့ အိုးမဲ့အိမ်မဲ့ဖြစ်တာတွေအပါအဝင် အလွန်အမင်းဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေ ကြရတဲ့အခြေအနေမှာ စစ်အာဏာရှင်တွေအနေနဲ့ တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ နိုင်ငံတည်ငြိမ်ရေး တို့အတွက် လုပ်ဆောင်နိုင်တဲ့အနေအထား မရှိဘူးလို့ ထောက်ပြ ပြောကြားထားပါတယ်။

စီးပွားရေးပြန်လည်ထူထောင်ရေး? ဆင်းရဲတွင်းမှ လွတ်မြောက်နိုင်ရေး၊ ပြည်သူလူထုကို ပံ့ပိုးကူညီနိုင်ရေးတို့မှာ စစ်အာဏာ ရှင်စနစ်ချုပ်ငြိမ်းပြီး ဒီမိုကရေစီ ပြန်လည်ထူထောင်နိုင်မှသာ ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါအပြင် မြန်မာနိုင်ငံသား အားလုံးက စစ်အာဏာရှင်စနစ် ထာဝရချုပ်ငြိမ်းရေးနဲ့ ဒီမိုကရေစီပြန်လည်ထူထောင်ရေး တို့အတွက် စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ရန် သန္နိဋ္ဌာန်ချပြီးဖြစ်တယ်ဆိုတာလည်း ကုလသမဂ္ဂအစည်းအဝေးမှာ သံအမတ်ကြီးက ပြောကြားထားပါတယ်။

မြန်မာပြည်သူတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို လုပ်ဆောင်နိုင်ဖို့ နိုင်ငံတကာအသိုက် အဝန်းထံမှ ခိုင်မာပြီး ထိရောက်သော ပံ့ပိုးကူညီမှုက မရှိမဖြစ်လိုအပ်တယ်လို့ ပြောကြားထားပြီး မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ မြန်မာပြည်သူတွေရဲ့ ကောင်းကျိုးချမ်း သာအတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်တွေကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး ထိရောက်တဲ့ ပံ့ပိုးကူညီမှုတွေ တိုးမြှင့်ဆောင်ရွက်ပေးဖို့အတွက်လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက မေတ္တာရပ်ခံပြောကြားခဲ့ပါတယ်။

#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။





Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.