ပြည်သူတွေ စောင့်မျှော်နေကြတဲ့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ “အောင်လံလွှင့်ချီ နွေ…


ပြည်သူတွေ စောင့်မျှော်နေကြတဲ့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ “အောင်လံလွှင့်ချီ နွေဦးထီ” အစီအစဉ်ကို ဒီကနေ့ စတင်မှာဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့ “အောင်လံလွှင့်ချီ နွေဦးထီ” ရဲ့ လူမှုကွန်ယက်စာမျက်နှာ https://www.facebook.com/nuglottery မှာသွားရောက်လေ့လာနိုင်ပါတယ်။
ပြည်သူတွေ ထီထိုးလိုက်တဲ့ ငွေတွေထဲက ၇၀ ရာခိုင်နှုန်းကို CDM တွေကို ထောက်ပံ့ဖို့ အသုံးပြုသွားမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကိုတော့ ဆုကြေးငွေတွေအနေနဲ့ လစဉ် ထီဖွင့်ပေးသွားမှာဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ဆုကြေးငွေကို မထုတ်ပဲ ပြန်လှူမယ်ဆိုရင်တော့ အဲဒီ့ ပြန်လည်လှူဒါန်းမှုအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဂုဏ်ပြုလက်မှတ်ပြန်လည်ချီးမြှင့်မှာဖြစ်ပြီး အဲဒီ့ လှူဒါန်းငွေကို NUG ရဲ့ အရေးကြီးသော လုပ်ငန်းစဉ်တွေမှာ အသုံးပြုသွားမှာဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးအောင်ပွဲကို အထောက်အကူပြုမယ့် “အောင်လံလွှင့်ချီ နွေဦးထီ” အစီအစဉ်မှာ ဘယ်လိုပါဝင်ရမလဲဆိုတာကို သရုပ်ဆောင် မြတ်နိုးအေးက ရှင်းပြထားတာ နားဆင်ကြရမှာဖြစ်ပါတယ်။
#SpringRevolution
#PVTV

Like – 55K Share – 15311

Public Voice Television Facebook

Add your reaction

  1. ဒီနေ့အတွက် ကုန်သွားပါပြီ နောက်နေ့မှ ဆက်ထိုးလို့ရမှာ

  2. နိုင်ငံခြားကနေ အွန်လိုင်းစနစ်နဲ့ဝယ်လို့ရလား

  3. ပြည်သူ မှာပြည်သူပဲရှိတယ် အားပေးကြမ်းတယ်နော် ဒီနေ့အတွက်မရတော့၁နာရီလေးပဲနော် မအလသိဘို့

  4. တို့ တွေလည်း ထိုခြင်တယ်။ မလေးရှား agent မရှိဘူး လား ။တရာဝင် NUG agent. နော် ။

  5. ပြည်သူ့အင်အား
    အံ့မခန်းပဲ
    တစ်‌စောင် ၂ ထောင်ထီထိုးဖို့ တိုးတိုးကြိတ်ကြိတ်
    ❣️❣️❣️

  6. ဘဏ်နဲ့ ငွေချေတော့ ကိုယ်ရဲ့ ဘဏ် အကောက်က စိတ်ချရပါသလား

  7. ပြည်ပကနေ ထိုးလို့ရအောင် လုပ်ပေးရင် အဆင်ပြေမယ်ဗျာ အားပေးချင်လို့ပါ

  8. NUG ကို ပြည်တွင်းကနေ မိမိတတ်နိုင်သလောက် ဘယ်လိုထောက်ပံ့ရမလဲ အကောင်းဆုံး နည်းလမ်းရှာနေတာ
    အခုမှပဲ အဆင်ပြေတော့တယ်။

    ဒီနေ့တော့ နွေဦးထီကို ထိုးဖို့နောက်ကျသွားလို့
    နောက်နေ့ကြမှပဲ ထိုးတော့မယ်။

  9. ပြည်ပက ထိုးမရလို့မထိုးရပေ့မယ် တစ်နားရီအတွင်းကုန်သွားတယ်ကြားရလို့ ဝမ်းသာပါတယ် 😊😊
    မအလ ကြီးတော့ ထိုင်ငိုနေလောက်ပြီ🤪🤪🤪

  10. CDM တွေကို ထောက်ပံ့မယ်ဆိုတော့ ဝမ်းသာပါတယ်။ ဘာထောက်ပံကြေးမှမရတဲ့ CDMတွေရှိနေကြပါတယ်

  11. ထီထိုးချင်ပေမယ့် တစ်သောင်းမရှိလို့ 2/3စောင်ပဲတတ်နိုင်သူကြ ဘယ်လိုလုပ်မလဲ ဒါတော့အကန့်အသတ်မထားသင့်ဘူး လက်လုပ်လက်စား နေ့စားသမားတွေ ဘယ်လိုထိုးနိုင်မလဲ

  12. ပြည်ပက လူတွေကိုလဲ ထိုးလို့ရအောင် စီစဥ်မူ့တွေပြုလုပ်ပေးပါ

  13. NUG ကိုမြန်မာနိုင်ငံသားအားပေးချက် ကတော့ 9plus ပဲထီထိုးဖို့ cb ဝင်ကြည့်တာ ယနေ့အတွက်ကုန်ပီတဲ့ 😢😢😢

  14. အရမ်းကောင်းတဲ့ အစီစဉ်လေးပါ
    လတိုင်း 3သောင်းဖိုးထိုးမယ်
    ပေါက်ဖို့မလိုဘူး ထိုးရဖို့အဓိကပါ

  15. ပြည်ပက လူတွေ ထီထိုးရအောင် လုပ်ပေးရင် သိပ်ကောင်းမှာပဲ😢

  16. အရင်တုန်းက
    လှူဘို့ဟာ တကယ်မှ ရောက်ပါ့မလား
    စိတ်ပူရတယ်။
    အခုတော့
    တန်းတန်းမတ်မတ်လှူလို့ရသွားပြီ။
    စီစဉ်ပေးသူများကို
    ကျေးဇူးကမ္ဘာပါ ဗျာ။

  17. သေသေချာချာ ရှင်းပြပေးလို့ ကျေးဇူးတင်ပါတယ် အစ်မ

  18. ပေါက်ဖို့ မလိုဘူး ထိုးရဖို့ပဲ လိုတယ်🥰
    ပေါက်ခဲ့ရင်လဲ တစ် ြပားမချန် အကုန် ြပန် လှူ ပေးမယ်❣️

  19. ဟိုဘက် ရပ်ကွက်ကလူတွေ ဒီပို့စ်တွေမြင်ပီး မုဒိတာပွားနိုင်ကြပါစေ😀🙃🤭🤭🤭

  20. ထိုးမယ် အခုလို့ရှင်းပြတော့ ပိုစိတ်ချရတာပေါ့ ..
    👏👏👏👏👏

  21. ပြည်ပက ထို့လို့ပါသလားခ‌ဗျ။ အလင်းပြပေးပါဦး။ ပေါက်ဖို့မလိုပါဘူး။ အဓိက‌ေတာ့ ပူးပေါင်းပါ၀င်နိုင် ကျေနပ်ပါတယ်။

  22. ၄း၄၅လောက်၀င်တာ sold outတဲ့။
    ကိုယ့်ထက်လက်သွက်ကြတယ်

  23. တောင်ဆိုပါတယ် ပြည်ပကနေ ထိုးလိုရအောင် စီစဉ်းပေးကြပါ လူကြီးမင်းများ ထီဆို လူဖြစ်ထဲက မထိုးဖူးဘူး

  24. တစ်စောင်၁၀၀၀နဲ့ အနည်းဆုံး ၃စောင်ထိုးနိင်မယ်ဆိုကောင်းမယ်ဗျာ။ နောက်ပြီး sein lucky လိုဆော့ဝဲလေးနဲ့ဆိုလဲကောင်းမယ်။

  25. ၄ နာရီ အား
    တန်းစီ ပြင်မှ စောင့်
    ရင်ဝ အောင့်ပါရဲ့
    ထောင့်တည ကြာမလား
    စာသား ရယ် မမြင်
    ဘာမှား ငယ် ထင်ရင်း
    ချဉ်းနင်း ရောက်၍
    နောက်တနေ့ သို့ ……

    (ဘဝတူတွေ Fighting ဟေ့)

  26. ပြည်ပနိူင်ငံတွေက ဝယ်လို့ရအောင် စီစဉ်ပေးကြပါ ဉပမာ ထိုင်း မလေးရှား စက်ာပူ နိူင်ငံတွေက ထိုးလို့ရအောင် စီစဉ်ပေးချင်ပါတယ် ကျေးဇူပါ we support NUG government …အကြံဉာဏ်ပေးသက်သက်ပါ

  27. နွေဦးထီထိုးလို့ အဖမ်းခံရရင် ဘယ်သူတာဝန်ယူမှာလဲ?

  28. အရမ်းလုပ်စားတတ်ကြတာ.
    နားစွင့်ကြည့်ပေါ့.
    CDMဝန်ထမ်းတွေ ထောက်ပံ့ကြေးရ မရ😅

  29. ထီ ဆိုင် သွားစရာ မလိုတော့ ဘူး
    အဲ့ဒါ ပြောတာ
    ##ပညာရှိ အုပ်ချုပ်ရင် ##
    အရာရာ အားလုံး ဟာ နိုင်ငံ ကြီးတွေ လို အဆင့်မြင့်မြင့် standard ရှိရှိ ပဲ , online ပညာရေးစနစ် , online lottery , online health , online စီးပွားရေး , အလုပ် တစ်ချို့ online ကနေ လုပ် တော့ , အချိန်ကုန် လူပင်ပန်း သက်သာတာ ပေါ့ ။
    # တို့ဘဝ တွေ တိုးတက် ဖို့
    NUG ကိုထောက်ခံစို့ ##

  30. Page လေးရှာမတွေ့လို့ ရှာတွေ့တဲ့ အကို အမများ link လေးချပေးပါ

  31. AprilApril သူများတွေက ထီထိုးပြီးကြကုန်ပြီ အခုမှထီထိုးနည်းသိတော့တယ်🤣🤣 လာကြည့်အုံး🤗

  32. ပြောချင်တာက လူတိုင်းနီးပါး ထိုးလို့ရအောင်စီစဥ်ပေးရင် ကောင်းမှာနော်
    ဒိလိုဗျ mobile banking မလုပ်ရသေးတဲ့ အခြေခံ လူတန်းစား များလည်း ထိုးလို့အဆင်ပြေမယ့်ပုံစံရယ်
    ထိုးလို့ပေါက်ရင် လှူလို့လည်းရမယ် စားဝတ်နေရေးအတွက်လည်း ဆုကြေးငွေထုတ်လို့ရမယ့်ပုံစံမျိူး ဒီကာလမှာ ကြပ်တည်းနေတဲ့အခြေခံလူတန်းစားတေအတွက် ပါ အမှားပါရင် တောင်းပန်ပါတယ်ဗျ

  33. ပြည်သူ့အသံ
    ပြည်သူအများစုဟာ ခုနွေဦး
    တော်လှန်ရေးမှာ လက်နှက်
    ကိုင်ပြီး အကြောင်းအမျိုးမျိုးကြောင့်မပါဝင်နှိုင်သူတွေက သူတို့ကိုယ် သူတို့
    အားမရ ဖြစ့်ကြပါတယ်
    လူပိုတစ့်ယောက်လို ဖြစ့်နေ
    သလိုခံစားရကြပါတယ် ခု့
    လိုဖြစ့်နေချိန်မှာ နွေဦးထီ
    လဲပေါ်လာရော သူတို့ တဖက်
    တလမ်းက ငါတို့ကူညီနှိုင်ပြီ
    ဆိုပြီးစိတ်သက်သာရာရကြ
    ပါတယ် ၊ငါတို့လဲ အုပ်တစ့်ခြပ်သဲတစ့်ပွင့်ပါဝင်ခွင့်ရပြီဆိုပြီး ဝမ်းသာကြပါတယ် ၊ဒါဟာ ပြည်သူကြားက ပြည်သူ့
    အသံပါဘဲ ။

  34. နွေဦး ထီ ထိုးခြင်တယ် နည်းလေးမျှဝေကြပါဦး
    ဖုန်းနဲ့ ထိုးရမှာ အဝေးရောက်နေ၍

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.