ပြည်သူတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ကူညီကြဖို့ ဖယ်ခုံ PDF တိုက်တွန်းထား
မတ် ၁၅ ၊ ၂၀၂၂
ပြည်သူတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ဘဏ္ဍာငွေရှာဖွေရေး လုပ် ငန်းစဉ်တွေမှာ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ပေးကြဖို့အတွက် ဖယ်ခုံ PDF က တိုက်တွန်းလိုက်ပါတယ်။
ဖယ်ခုံ PDF အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ဦးဆောင်တဲ့ စစ်အာ ဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရေးလုပ်ငန်းတွေမှာ အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ပူးပေါင်း ချိတ် ဆက် လုပ်ဆောင်နေတယ်လို့ ဆိုထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ဦးဆောင်တဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ လမ်းညွှန်မှု ၊ ကွပ်ကဲမှုအောက်ကနေပြီးတော့ ဖယ်ခုံ PDF တွေက စစ်အာဏာရှင် အမြစ်ပြတ်တိုက်ဖျက်ရေးအတွက် လုပ် ဆောင်နေသလို ပြည်တွင်းပြည်ပ တစ်ဦးချင်းရဲ့ လှူဒါန်းမှုတွေ၊ အသင်းအဖွဲ့တွေရဲ့ ထောက်ပံ့ကူညီမှုတွေအပြင် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထောက်ပံ့ကူညီမှုတွေကိုလည်း ဖယ်ခုံ PDF က လက်ခံရရှိတယ်လို့ ဆိုထားပါတယ်။
ပြည်သူတွေအနေနဲ့ တော်လှန်ရေးခရီးဆက်လျှောက်လှမ်းနိုင်ဖို့အရေး ဖယ်ခုံ PDF ကိုလည်း ပါဝင်လှူဒါန်းနိုင် သလို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာ ကွယ်ရေးဝန်ကြီးဌာနရဲ့ ရန်ပုံငွေ ရှာဖွေရေး လုပ်ငန်းစဉ်တွေမှာ ပူးပေါင်း ပါဝင် ပေးကြဖို့အတွက်ကိုလည်း ဖယ်ခုံ PDF က မေတ္တာရပ်ခံဖော်ပြထားတာ တွေ့ရပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။