ပြည်သူတွေအတွက် Solar Guide book ကို လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနကထုတ်ပြန်ပေး
မတ် ၁၆ ၊ ၂၀၂၂
ပြည်သူတွေအတွက် Solar Guide book ကို အမျိုးသားညီညွတ်ရေး၊ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အခုလို Solar Guide book ထုတ်ဝေလိုက်ရတာက ကာလတိုနဲ့ ကာလလတ် လျှပ်စစ်အကြပ်အတည်းကို ကိုယ် တိုင်ဖြေရှင်းလိုတဲ့ အိမ်ထောင်စုတွေ၊ Small and Medium Enterprise (အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ) အတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်ဆိုပြီးတော့လည်း ဖော်ပြထားတာတွေ့ရပါတယ်။
လက်ရှိအခြေအနေတွေကြောင့် ဖြစ်ပေါ်လာတဲ့ မဖြစ်မနေ ဆိုလာအသုံးပြုရတာတွေက နောင်အနာဂတ်မှာ ဆိုလာစီမံကိန်း၊ လျှပ်စစ်ဓာတ်အားပေး စီမံကိန်းကြီးတွေနဲ့ တိုင်းပြည်ကို ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ မောင်းနှင်နိုင်တဲ့ အဆင့်ရောက်အောင် ကြိုးပမ်းရာမှာ အုတ်တချပ်၊ သဲတပွင်အဖြစ် ပါဝင်နေတာဖြစ်တယ်လို့ လည်း အသိပေးထားတာတွေ့ရပါတယ်။
Solar Guide book ကို အသုံးပြုလေ့လာလိုတဲ့သူတွေအနေနဲ့ https://solar-moee.nugmyanmar.org/…/moeesolarguidbook.pdf နဲ့ http://solar-moee.nugmyanmar.org မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။