“ပြည်သူတွေနိုင်ရမယ်”
နိုးထအမှောင်ထဲ
နံနက်ခင်းအလင်းရောင်များ မလင်းနိုင်ပါ
အာဏာရှင်စနစ်အိပ်မက်ဆိုးကြားမှာ
ကျဆုံးသွားသူတွေအတွက် ဘယ်လိုနည်းနဲ့မှာ သွေးမအေးနိုင်ပါ
အမှန်နဲ့အမှားရဲ့တိုက်ပွဲမှာ
အာဏာရှင်ပေးတဲ့အကြောက်တရားတွေနဲ့ သေနတ်ကထွက်တဲ့ကျည်များက
ခံယူချက်များအားသတ်နိုင်မှာလား ..
လူတွေဟာ သွေးသား နှောင်ကြိုးတွေကြားဘေးထား အနာတရတွေအား မမှုနိုင်ပါ
ဒီတစ်ခါ အဆုံးသတ်တိုက်စို့လား
(ပြည်သူတွေနိုင်ရမယ် … ပြည်သူတွေနိုင်ရမယ်
အောင်လံလွှင့်မယ့် ခွန်အားနဲ့
အားတင်းထားပါ အားတင်းထားပါ
ပုံဖော်မယ် သမိုင်းသစ်များရယ် ငါတို့လက်များနဲ့
ပြည်သူတွေနိုင်ရမယ်
ယုံကြည်စွာပေးဆပ်ခဲ့သူများအတွက်
သွေးမအေးကြပါ သွေးကြွေးများစွာ
အာဏာရှင်အဆုံးသတ်ရမယ်/အကြွေးဆပ်ကြမယ် ဒါ ငါတို့ရဲ့သစ္စာတရား)
#SpringRevolution
#PVTV
Like – 10K Share – 949