ပြည်သူကို သတ်ဖြတ်ဖို့ အမိန့်ပေးစေခိုင်းမှုအား မပြုလုပ်လို၍ BGFတပ်သားတစ်ဉီး အလင်းဝင်လာဟု KNU တပ်မဟာ(၅) ထုတ်ပြန်
မတ် ၁၈ ၊ ၂၀၂၂
အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဖြစ်တဲ့ ကရင်နယ်ခြားစောင့်တပ်ဖွဲ့(BGF) မှ တပ်ဖွဲ့ဝင်တစ်ဦးဟာ ကရင်အချင်းချင်း မတိုက်ခိုက်လိုခြင်း နဲ့ ပြည်သူကို သတ်ဖြတ်ဖို့ စေခိုင်းတာကို မပြုလုပ်လိုခြင်းတို့ကြောင့် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)ထံသို့ အလင်းဝင်လာတယ်လို့ KNU မူတြော်သတင်းစဉ်က ထုတ်ပြန်ခဲ့ပါတယ်။
ယမန်နေ့ မတ်လ(၁၇)ရက်နေ့မှာ BGF တပ်ရင်း ၁၀၁၆မှ တပ်သားအဆင့်ရှိ တဲ့ စောမော်ဝါးဟာ KNU တပ်မဟာ(၅) လက်အောက်ရှိ တပ်ရင်း(၁၀၂)၊ တပ် ခွဲ(၃)သို့ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အတူ အလင်းဝင်လာတယ်လို့ ရှေ့တန်းစခန်းရှိတာဝန်ရှိသူက သတင်းပေးပို့လာကြောင်း ဖော်ပြထားပါတယ်။
BGF တပ်ဖွဲ့ဝင်နဲ့အတူ M-16 ARတစ်လက်၊ ကျည်ကာ(၃)ချပ်နဲ့ ကျည်ဆံ(၃၀၀) ပါရှိတယ်လို့ ဆိုပါတယ်။
အဲဒီ BGF တပ်ဖွဲ့ဝင်ဟာ ဘားအံဇာတိဖြစ်ပြီးတေ့ သူ့ရဲ့ အထက်အရာရှိတွေရဲ့ ကရင်အချင်းချင်းအားပြည်လည်တိုက်ခိုက်စေဖို့ ၊ အပစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ဖို့ အမိန့်ပေးစေခိုင်းမှုတွေကို မပြုလုပ်လို့တာကြောင့် အလင်းဝင်လာတာ ဖြစ်တယ်လို့ အလင်းဝင်လာတဲ့ တပ်ဖွဲ့ဝင်က ပြောကြားကြောင်း သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။