ပြည်သူကို လက်နက်နဲ့ ပစ်ခတ်သတ်ဖြတ်နေသလို…

ပြည်သူကို လက်နက်နဲ့ ပစ်ခတ်သတ်ဖြတ်နေသလို
ရောဂါပိုးကူးစက်စေပြီး အောက်ဆီဂျင်ဖြတ် ထပ်သတ်နေတဲ့ …
အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ်တော်လှန်ကြ။

#SpringRevolution
#PVTV



Like – 16K Share – 2880

Public Voice Television Facebook

Add your reaction

  1. ပစ်လိုက် တိုင်းထောင် ပစ်တိုင်းထောင် says:

    သွေး‌ေကြာင်လို့မရဘူး
    သွေးအေးလို့မရဘူး
    ငါတို့တွေစည်းလုံးကြရမယ်
    ပြည်သူကိုပြည်သူကပဲကာကွယ်ကြရမယ်

  2. တပ်ဘေး ကပ်ဘေး အငတ်ဘေး ကပ်ကြီးသုံးပါး ပြည်သူများ အမြန်ကျော်လွှားနိုင်ရပါစေသား🙏🏻🙏🏻🙏🏻

  3. သိပ်မှန်တယ်။
    ပြည်သူတွေ ရှိတဲ့စိတ်ဓာတ်တွေနဲ့
    တောင့်ခံနိုင်သေးတယ်
    ဒါကြောင့် NUGအစိုးရ Dr Sa Saတို့အနေနဲ့ ထိရောက်တဲ့ လုပ်ဆောင်မှုတွေနဲ့ မအလကို သတိပေးတိုက်ခိုက်ဖို့ အမြန်ဆုံးမျှော်လင့်တယ် ။
    ခက်ခဲပေမယ့် ပြည့်သူရဲ့မျှော်လင့်ချက်ဟာ စခတွေ အထိနာစေမယ့် တိုက်ခိုက်မှုကို ကြားရခြင်းနဲ့ ကုစားအနိုင်ယူရခြင်းပဲ ဟိုနားးးစစ်ခွေးတရာကျ
    ဒီနားးးဗုံးသံထုတာထက် ဘယ်မြို့စခတပ်စခန်းးကျသွားပြီက ပြည်သူကို ခွန်အားပို‌ဖြစ်စေတယ်
    ပြည့်သူတွေရဲ့ တောင့်ခံနေရခြင်းကို တုန့်ပြန်ပေးရာ
    ပျော်ရွှင်ကျေနပ်စေရာ ရောက်ပါတယ်
    အရေးတော်ပုံ အောင်တော့မည်💪💪💪

  4. သူတို့ ကတော့ ဖြတ်နေပီ
    ကိုယ့်ဘက်ကအပြတ်ဖြတ်ဖို့ပဲလိုတယ်
    သံယောဇဉ် မပြတ်တဲ့သူတွေနေခဲ့ကြ

  5. ဘာနဲ့ တော်လှန်ရမှာလဲ ပုဆိုးလှန်ပြရမှာလား။ ခိုင်းသမျှလည်းအကုန်လုပ်နေတာပဲ မိုင်ကုန်ပဲ သံပုံးဆိုလည်း သံပုံး မနက်လည်းတီး ညနေတီး ညလည်းတီး ဟာမဟုတ်ဘူးတဲ့ဟေ့ ညဘက်ဆိုတော့လည်း ညဘက်ပဲတီး။ CDM ကြဟေ့ ဆိုလည်း CDM ကြ ဝိုင်းလှူကြ မီတာမဆောင်ပါနဲ့ဆိုလည်း မဆောင်ကြဘူး ဖျက်ရင်ဖျက်ပါစေကွာဆိုပြီး။ FA အတွက်လှူကြပါဆိုတုန်းကလည်း ဝိုင်းလှူကြတာ အုန်းအုန်းထ။ ဘာကျန်သေးလဲ ပြော။ ပြီးရင် မင်းပါပါလိုက်ရင် တော်လှန်ရေးကအောင်မြင်ပြီဆိုတဲ့ စောက်စကားက ပြောသေးတယ်။ ခင်ဗျားတို့ ဘာဖြစ်မြောက်ပြီလဲ၊ ဘယ်လို အရွေ့တစ်ခုရပြီလဲ။ ဘာမှမဖြစ်သေးဘူး online government ပဲမလား။ တော်လှန်ပါဆို ပုဆိုးပဲရှိတယ် လှန်ပြဖို့။

  6. ယုတ်မာမှုက ကမ်းကုန်ပဲ
    ဘယ်တော့မှ သူတို့အကုသိုလ်ကအကျိုးပေးမှာလဲ ပြည်သူတွေ ခံစားနေရတာကို ပျော်ရွှင်မှုသဖွယ်ထိုင်ကြည့်နေတဲ့မအလအပေါင်းအပါများ အတောမသတ်နိုင်သော သူတို့လောဘကြောင့် အနာဂါတ်ပျောက် အသက်ပျောက် ကြရတဲ့ပြည်တွေ တစ်နေ့ မင်းတို့အလှည့်ရောက်လာမှာကိုစောင့်ကြည့်နေမှာမအလနှင့်အပေါင်းအပါများရေ
    အရေးတော်ပုံအောင်ရမည်

  7. Myan
    အာဏာရှင်၊ အမြစ်ပျက်သွားခဲ့ပြီးရင်…
    .နိုင်ငံ‌ေရးကို အမြတ်ထုတ်မယ့်၊သူတွေ
    ကြိုတင်ရှိ‌ေနတယ်…
    ….
    .အဲ့တာမျိုးတွေလည်းမဖြစ်အောင်ကြိုတင် စီမံကိန်းတွေ Right Law/ တိတိကျကျချမှတ်ထားပေးပါ။
    /////
    ဟေတီနိုင်ငံကြည့်ပါ၊
    အာဏာရှင်းအမြစ်ပြတ်သွားပြီးပါပြီ၊..
    နိုင်ငံရေး သမားချင်းချင်း အမြတ်ထုတ်မှု
    များ‌ေြကာင့်..
    အခုထိကျရှုံးနိုင်ငံ ဖစ်တည်ဆဲပါ၊
    //
    ထို့ကြောင့်..
    .နိုင်ငံရေး သမားများအမြတ်ထုတ်မှု၊ တွေကို ကြိုတင်တားစီး ရည်ရှည် စီမံကိန်း ရေးဆွဲကြပါရန်၊
    .အပြုသဘောဆောင်တိုက်တွန်းပါသည်။

  8. ဒို့ ပြည်သူ​​တွေ ကိုဗစ်နဲ့ အ​သေခံမလား စစ်​ခွေး​တွေကို တိုက်ထုတ်ပြီး ​အောင်ပွဲခံမလား ၂ လမ်းပဲ​ရွေး…..

  9. ဘယ်​ရောက်​နေလဲ????

    စစ်​ဆေးရုံများအားလုံး ယခင်က
    အလုပ်မရှိရာ က​​နေ ယခု
    တစ်နိုင်ငံလုံး ပြည့်သွားပြီ

    ဒါဏ်ရာရ စခရူးများစွာ
    မနိုင်မနင်းနဲ. အစပိုင်းဘဲရှိ​သေးတယ်

    မိုက်ခွက် တစ်လုံးနဲ့​ပြောပြီး ဟန်ပြ
    ဖြီးဖျန်းဖို့ဘဲ ကျန်​တော့တယ်

    ၅၄.၅ သန်း​သော နိုင်ငံသားများ
    ၉၉.၉၉ % ​အောင်နိုင်သွားပါပြီ။

  10. ကျေးဇူး ပြုပြီး d လအတွင်းနိုင်ငံအနှံ့ ddayလုပ်ပေးပါ။ ကျတော်တို့ပြည်သူတွေCDMလည်းအစပိုင်းကအကုန်ဝင်ကြပါတယ်။သေလည်းသေရဲပါတယ်။ NUGက cdmထောက်ပံကြေးက လူတိုင်းလည်းမရသလို ရလည်း မလောက်ပါဖူး။ ကိုငတ်ရင်နေပါ။ ကို့မိသားစု အမေ အဖေသား သမီးတွေငတ်နေတာမခံစားရက်လို့ပါ။ အခုဆို ၆လ ရှိပါပြီ။ oxygenကလည်းဖြတ်တာအပြင် ကုန်းစျေးနှုန်းတွေက တက် အလုပ်တွေ က ရပ်ရှိတာ ပြုတ်တာနဲ့ ကျတော်တို့ ပြည်သူတွေ ငတ်သေကြပါလိမ့်မယ်။ NUGအနေနဲ့ လေထဲက စာထုတ်ရပ်သင့်နေပါပြီ။ နိုင်ငံအနှံ d dayလုက်ဖို့စတင်ပါတော့။ ကျတော်တို့ပြည်သူတွေလည်း ခံနိုင်ရည်အား ဆိုတာ အတိုင်းအတာရှိပါတယ်။ dထက်အခြေအနေတွေဆိုးလာရင် ခိုးလာကြမယ် လုလာကြမှာတွေဖြစ်ကုန်မှာပါ။ ကျတော်ကိုယ်တိုင်လည်း မလုပ်ချင်ပေမဲ့ မိသားစု စားစရိတ်မရှိတော့ရင် ရှာမရတော့ရင် ကို့မိသား စုအတွက် ဘာလုပ်လုပ် လုပ်ရမှာပါပဲ။ ဒါကြောင့် အမြန်ဆုံစ ddayစပါတော့ ငတ်သေမလား။ တိုက်သေမလားဆို တိုက်ပြီးပဲသေချင်ပါတယ်။ အခုလိုအချိန်ကြာကြာလေထဲကပဲစာတွေထုတ်လိုက်နဲ့ ddayကိုတနိုင်ငံလုံးစမသရွေ့တော့ ကျတော်တို့ပဲနစ်နာနေမှာပါ။ ဒါကလည်းပြည်သူကို သတ်တာတမျိုးပါပဲ။ ကျတော့ ကိုကြိုက်သလို ပြစ်တင်နိုင်ပါတယ်။ လူကြီးမင်းတိူ့ နေရပ်ကိုခဏခွာပြီး လက်တွေ့ဖြစ်နေတာတွေကိုပဲ ကွင်းဆင်းသဘော လေ့လာခိုင်းကြည့်ပါ။ကျတော်လိမ်ပြောလားမပြောလားသိမှာပါ။ ဒါကြောင့် ခိုးဝှက် လုတာတွေပိုမဆိုးလာခင် dလ အတွင်း အမြန်ဆုံး ddayစပါတော့။အခုဆိုအကူအညီတောင်းတဲ့လူတွေပိုများလာတာမြင်နေရပြီ။ ကျတော်ကိုယ်တိုင်လည်းအဲ့ဘဝကိုရောက်တော့မှာပါ။ ဒါကြောင့် အမြန်ဆုံး အကောင်အထည်ဖော်ပေးပါ

  11. နာကြပါ
    မှတ်ကြပါ
    တပ်ထောက်ခံသူတွေဒီလောက်ဆိုအသိတရားဝင်ကြပါလူသားတွေကိုနှိပ်စက်နေကြတာသူတို့ကိုမထောက်ခံလို့သနပ်ပစ်သတ်အခုထောက်သူရောမထောက်ခံသူရောကိုဗစ်ရောဂါကိုအောက်စီဂျင်ဖြတ်သတ်နေကြတာလူ လူချင်းစာနာစိတ်ရှိကြပါအသိတရားအမြန်ဝင်ကြပါစေ

  12. စည်းလုံးကျပါညီညွတ်ကျပါရောပါပိုးကပါတီမခွဲပါဘူး

  13. မြန်မာလူမျိုးတွေက တစ်ခုခုဆို ကံကိုပဲ ယိုးမယ်ဖွဲ့ကြတယ်။

    ဒီဘဝမှာဆင်းရဲနေတာ အရင်ဘဝက အတိတ်ကံမကောင်းလို့။

    ပင်ပင်ပန်းပန်းနဲ့ အောက်ခြေအလုပ်တွေလုပ်ပြီး ဆင်းရဲနေရတာ ကံမကောင်းလို့။

    မပြောပလောက်တဲ့ ရောဂါတစ်ခုနဲ့ ဆုံးသွားရင်
    ကံဆိုးလိုက်တာတို့ စသည်ဖြင့် စသည်ဖြင့်
    ကံကိုပဲ ယိုးမယ်ဖွဲ့ကြတယ်။

    ကံဆိုတာဘာလဲ။
    ကံဆိုတာအလုပ်။
    ဒါဟာကံပဲ။

    တစ်နေကုန် ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီး ဆင်းရဲနေတာ ကံကြောင့်မဟုတ်ဘူး စနစ်ကြောင့်။

    “လုပ်သူမရ” “မလုပ်သူရ” ဆိုတဲ့ အရင်းရှင်ဝါဒ စနစ်ဆိုးတွေကြောင့်။

    ကမ္ဘာမှာ မြန်မာဟာ လုပ်အားခ အနည်းဆုံး နိုင်ငံတွေထဲက နိုင်ငံတစ်ခု။

    တစ်လ ၃သိန်းကနေ ၅သိန်းလောက်ရဖို့ကို
    ဘွဲ့ရရုံနဲ့ မပြီးပြန်ဘူး သင်တန်းတွေတက်ကြ
    Language တွေသင်ကြနဲ့ အတတ်နိုင်ဆုံး
    Perfect ဖြစ်အောင် လေ့ကျင့်ယူကြရတယ်။
    ဒါတောင် ရတဲ့ Salary က Perfect မဖြစ်ဘူး။

    မြန်မာပြည်ရဲ့ Educated တွေရတဲ့ လစာတွေက
    ထိုင်းတို့ မလေးရှားတို့မှာ Basic Worker တွေရတဲ့ လစာလောက်ပဲရှိတယ်။

    မြန်မာပြည်ရဲ့ အခြေခံလုပ်သားတွေရတဲ့ လစာက
    အခြားတိုင်းပြည်က Basic Worker တွေရဲ့
    အသုံးစားရိတ်ပဲ ရှိတယ်။

    ကျွန်တော်တို့ နိုင်ငံရဲ့ အောက်ခြေလူတန်းစားတွေ
    ဆင်းရဲတွင်းထဲက မတက်နိုင်တာဟာ စနစ်ကြောင့်။
    စနစ်က လူထုရဲ့ ဘဝတွေကိုပါ ဆွဲချနေတာ။

    လက်ရှိ ကိုဗစ်ပြန့်ပွားနေတဲ့ အချိန်မှာ
    အောက်ဆီဂျင်မရလို့ သေဆုံးကြတယ်ဆိုတာ
    သာမာန်ဖြစ်ရိုးဖြစ်စဥ်နဲ့ သေဆုံးတာမဟုတ်ဘူး။

    အဲ့ဒီ့လို သေဆုံးတဲ့လူတွေက အသတ်ခံကြရတာ။
    ဘယ်သူက သတ်တာလည်းဆိုတော့ စနစ်ကသတ်တာ။

    လက်သည်တရားခံက စနစ်ကို အသက်သွင်းထားတဲ့ တိုင်းပြည်အာဏာချုပ်ကိုင်သူတွေပဲဖြစ်တယ်။

    ကိုဗစ်ကြောင့် အောက်ဆီဂျင်မရပဲ လူတစ်ဦးတစ်ယောက်သေတိုင်း တိုင်းပြည်ကို Management လုပ်နေတဲ့ အာဏာချုပ်သူတွေ အပြစ်မကင်းဘူး။

    ပြည်သူလူထု တိုးတက်မှ တိုင်းပြည်တိုးတက်မှာ
    တိုင်းပြည်တိုးတက်ဖို့အတွက် စနစ်ကောင်းဖို့လိုတယ်။

    ဒါကြောင့် စနစ်ဆိုးတွေကို ကျွန်တော်တို့တိုက်ထုတ်ရမယ်
    စနစ်ကိုပြင်ဖို့ အာဏာရှင်ကိုအမြစ်ပြတ်တိုက်နိုင်မှရမယ်။

    အာဏာရှင်ရှိနေသ၍ ဘယ်တော့မှ
    စနစ်ကို ဘယ်တော့မှ ပြင်လို့မရဘူး။

    ကံမကောင်းလို့ ဆင်းရဲနေတာမဟုတ်ဘူး
    စနစ်မကောင်းလို့ ဆင်းရဲနေတာ။

    ကံမကောင်းလို့ သေဆုံးတာမဟုတ်ဘူး။
    စနစ်မကောင်းလို့ သေဆုံးကြတာ။

    စနစ်ပြောင်းဖို့ စနစ်ကိုပြင်ရမယ်။
    စနစ်ကိုပြင်ဖို့ အာဏာရှင်ကိုတိုက်ထုတ်ရမယ်။

    အရေးတော်ပုံအောင်ရမည်။

  14. ကမ္ဘာမှာအောက်တန်းအကျဆုံးအကြမ်းဖက်အုပ်စုပါ။

  15. အခုဟာက စကစကိုတိုက်တာမဟုတ်ဘဲ ပြည်သူကိုတိုက်တာဖြစ်နေတယ်

  16. ပြည်သူကို သေနတ်နဲ့တင် သတ်တာ အားမရသေးလို့ ရက်စက်ဆုံးနည်းလမ်းကို သုံးတာ စကစ ပါ။

  17. မြန်မြန်လုပ်သင့်​နေပါပြီ NUG ရယ် ​မျှော်လင့်ရင်းအားပြတ်​နေပြီ

  18. ဟုတ်တယ် ယုတ်မာတယ် ဆိုတာထက်ကို ပိုဆိုးတဲ့
    စကစ မအလ

  19. စခတွေကို
    မြန်ုမြန်အရေးယူတော့ပါ

  20. မိစ္ဆာစစ်တပ်အမြစ်ဖြတ်
    အရေးတော်ပုံအောင်နေပီအောင်ကိုအောင်နေပီ။

  21. ကိုယ်ရွေကိုမျိုးသားအမိ သားအဖတွေအတွက် အပိုင်စီးတာပါ

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.