ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန
===========================
ဝန်ကြီးဌာန (၆.၁၀.၂၀၂၁) နေ့စဉ်သတင်းလွှာ
(ဤသတင်းများကို သတင်းမီဒီယာများမှတစ်ဆင့် ကူးယူ၍ စုစည်းဖော်ပြထားခြင်းသာဖြစ်ပါသည်။)





Add your reaction

  1. အမေ ရဲ့
    နိုင်ငံနှင့်ပြည်သူလူထုအပေါ်ထားရှိနေတဲ့
    ကိုယ်ကျင့်သီလ နဲ့မေတ္တာစေတနာတရားအပေါ်
    ပြည်သူလူထု သန်း ၅၀ ခန့်အကြွင်းမဲ့ လေးစားဂါရဝပြုယုံကြည်နေလျက်ပါခင်ဗျာ

    အမေ နဲ့အတူ မတရား
    သဖြင့်အဓမ္မဖမ်းဆီးခံ
    ထားကြရသူများ
    ဘေးဘယာကင်းပအမြန်ပြန်လည်လွတ်မြောက်ကြပါစေ

  2. မပြောလဲမဖြစ် ပြောလဲမပြောချင်ပေမဲ့
    အံကိုကြိတ်ပြီး ပြောလိုက်ရတယ် ..

    အန်တီ အန်တီ့သား တိုက်ပွဲမှာ ကျဆုံးသွားပြီ
    အန် တီ…..

    ကျနော် ပြန်ပြောလာမဲ့စကားသံကိုငြိမ်ပြီး
    စောင့်နေမိတယ် ၊ ၈၈ ဒီမိုကရေစီတိုက်ပွဲမှာ
    အဖမ်းခံရပြီး ထောင်ထဲမှာပဲ ခင်ပွန်းကျဆုံး
    သွားတဲ့ သားနှစ်ယောက်မိခင် မုဆိုးမကြီးရဲ့
    မျက်နှာက တည်ငြိမ်လွန်းလှတယ် ၊

    သောက်နေတဲ့ ဆေးပေါ့လိပ်ကို ချပြီး ….
    ပြောလိုက်တဲ့ စကားကြောင့် အံ့ဩမင်သက်ပြီး လေးစားစွာစိုက်ကြည့်နေမိလိုက်တယ် ,,,
    အကြိမ်ကြိမ်လဲ ဦးညွှတ်မိတယ် ၊

    မုဆိုးမကြီးပြောလိုက်တဲ့စကားက …

    “အငယ်ကောင် အထုပ်ပိုးပြင် အခုလာ’ ‘တဲ့ …..
    ” အကိုတွေနဲ့တစ်ခါထဲ လိုက်သွား မင်းအဖေ
    တုန်းက နိုင်အောင်မတိုက်နိုင်ခဲ့တဲ့အာဏာရှင်ကို
    မင်းအစ်ကိုဆက်တိုက်တာ လမ်းခုလတ်မှာ
    ကျဆုံးသွားပြီ ၊ ခုမင်းကလည့် မင်းပခုံးပေါ်ရောက်လာပြီ ၊ အာဏာရှင်ကျရှုံးအောင်တိုက်ပြီးပြန်လာခဲ့ ! အာဏာရှင်စစ်တပ်ကိုအမြစ်ဖြတ်ပြီး ပြန်လာမဲ့ PDFကလေးတွေကို ပြည်သူလူထုကသောင်းသောင်းဖျဖျကြိုဆိုတဲ့ အောင်ပွဲမှာ ငါလဲ အောင်သပြေကိုင် ပန်းကုံးစွပ်ပြီး ကြိုချင်တယ်
    ငါ့ယောက်ျားတုန်းကမကြိုခဲ့ရဘူး ! ခုမင်းအစ်ကို
    ကိုလဲမကြိုနိုင်ပြန်တော့ဘူး….”

    အဖျားစွပ်အသံလေးနဲနဲတုန်သွားတာသတိထားမိလိုက်တယ် ….

    ခနတိတ်သွားတယ် ၊ ကျနော်တို့ တွေမျက်ရည်ဝဲ
    နေပါပြီ ၊ မျက်ရည်သုတ်လိုက်တာကို ဖျတ်ခနဲ
    မြင်လိုက်ရတယ် ဆက်ပြောတယ် .

    ”ငါ ငါ့သားငယ်ကိုတော့ အောင်သပြေကိုင်
    ကြိုပြီးတော့ ပန်းကုံးစွပ်ချင်သေးတယ် !!!
    နိုင်အောင်တိုက်ပြီး ကျန်းကျန်းမာမာနဲ့
    ပြန်လာခဲ့ကြားလား ! …..
    ငါ့အတွက်တော့မပူနဲ့ ရွာကအမျိုးတွေဆီပြန်
    နေလိုက်မယ်…”ပြောပြီးအိမ်ခန်းထဲဝင်သွား
    လိုက်တယ် ၊

    ကျနော်တွေးနေမိတယ် ၊ တစ်မိသားစုလုံး
    ခံယူချက်ပြင်းလိုက်ကြတာ အာဇာနည်မျိုးတွေပဲ စဉ်းစားနေတုန်း တက်ကြွစွာပြောလိုက်တဲ့ အသံကြောင့်အတွေးပြတ်သွားတယ် —-

    ” အကိုကျနော်ပြီးပြီ သွားကြစို့တဲ့ …”

    နိုင်ငံတွေကို ဘာလို့ အမိနိုင်ငံတော်ဆိုပြီးတင်စားပြောဆိုကြလဲနားလည်လိုက်တယ် ၊ ပေးဆပ်ရဲတယ် စွန့်လွှတ်ရဲတယ် အနစ်နာခံရဲတယ် ကျဆုံးသွားတာထက်ပိုပြီး မွေးထုတ်ပေးနိုင်တယ် ။

    { လေးစားလျှက် }

    မျက်ရည် ဆည်မမိ

    #သွေးသစ္စာ #PDF #GenZ
    #crd_to_owner

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.