ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်…

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ကာကွယ်ရေးဝန်ကြီးဌာန
______________________________
[email protected]

ရက်စွဲ ၊ ၂၀၂၁ ခုနှစ် ၊ စက်တင်ဘာလ ၇ ရက်
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ အထူးတပ်ဖွဲ့များနှင့်
ပတ်သက်သော ညွှန်ကြားချက်
ညွှန်ကြားချက်အမှတ် ၃ / ၂၀၂၁

ပြည်သူ့တော်လှန်ရေးစစ်သည်အားလုံးသည် စစ်မြေပြင်တွင် အောက်ပါစည်းမျဉ်း စည်းကမ်းများ ကို တိကျစွာလိုက်နာရမည်။
( ၁ ) အထက်အမိန့်ကိုနာခံပါ။
( ၂ ) မိမိတပ်ဖွဲ့အပေါ် သစ္စာရှိပါ။
( ၃ ) မိမိလက်နက်ကို မိမိအသက်ကဲ့သို့ တန်ဖိုးထားပါ။
( ၄ ) အရေးပေါ် လိုအပ်ချက်အရ အရပ်သားပြည်သူပိုင် ပစ္စည်းများကို အသုံးပြုရပါက တန်ရာ
တန်ဖိုး ပေးပါ။
( ၅ ) သုံ့ပန်းများကို ညှဉ်းပန်းခြင်း၊ သတ်ဖြတ်ခြင်း မပြုရ၊ သင့်လျော်သောနေရာတွင် ထိန်းသိမ်း
ထားရမည်။

( ၆ ) မိမိရဲမေများအပေါ်တွင် ဖြစ်စေ၊ အရပ်သူအမျိုးသမီးများအပေါ်တွင် ဖြစ်စေ လိင်ပိုင်းဆိုင်ရာ
ထိပါးနှောက်ယှက်ခြင်း မပြုရ။
( ၇ ) ရန်သူ့ထံမှ သိမ်းဆည်းရမိသည့် ငွေ၊ လက်နက်၊ ပစ္စည်းများကို ဆိုင်ရာတပ်မှူးထံ စာရင်း
နှင့်တကွ အပ်နှံရမည်။
ပြည်သူ့တော်လှန်ရေးစစ်သည်အားလုံး ဤစည်းမျဉ်း စည်းကမ်းများကို အစဉ်လိုက်နာစေရေး အတွက် ဆိုင်ရာတပ်မှူးများက နှိုးဆော်ကြပ်မတ်ရမည်။
ပြည်သူ့တော်လှန်ရေး အောင်ရမည်။

( ပုံ )
ရည်မွန်
ပြည်ထောင်စုဝန်ကြီး
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ


Like – 11K Share – 953

Public Voice Television Facebook

Add your reaction

  1. မြှောက်ပေးပြန်ပြီပြည်တွင်းက ကလေးတွေနှိပ်စက်ခံရအုန်းမယ်😞

  2. အရီးတော်ပုံအောင်ရမည်ဆိုတော့ ခုထိမအောင်သေးဘူးလို့ပြောတာပေါ့နော်😁

  3. အရေးတော်ပုံရော ၊တည်ဆောက်ရေးတွေရော အရာရာအားလုံးအချိန်တိုအတွင်းအောင်မြင်မည် ။

  4. ဘေးကင်းပီးအနိုင်ရပါစေ၊pdf .ကလေးများဆုတောင်းပေးနေပါတယ်အရေးတော်ပုံအောင်ရမည်

  5. ကရင်နဲ့ ကချင်က ယုံကြည်ရတဲ့ သတင်းဌာနတွေ
    —————————-

    တော်လှန်ရေး စပြီလို့ ပြောလိုက်တာနဲ့ သတင်းမှားတင်တဲ့ စာမျက်နှာတွေမှာ ခု ချက်ချင်းကြီးပဲ တိုက်ပွဲတွေဖြစ်နေသလို စပြီး ရေးကြပါပြီ။ တိုက်ပွဲသတင်းတွေကို ဒေသခံ၊ မြေပြင်မှာရှိနေတဲ့ သတင်းဌာနတွေနဲ့ တပ်တွေက ပိုတိကျပါတယ်။ သူတို့ထုတ်ပြန်ချက်တွေကိုလည်း စောင့်သင့်ပါတယ်။
    .
    ကရင်…
    https://www.facebook.com/KNUHQKTL
    https://www.facebook.com/KICNewsPage
    https://www.facebook.com/Salweenpress
    .
    ကချင်….
    https://www.facebook.com/kachinnetburmese/
    https://www.facebook.com/kachinwavesnews/
    https://www.facebook.com/Kokang311 (MNDAA, မုံးကိုး)

  6. တန်ရာတန်ဖိုးပေးဖို့မလို တက်နိုင်သလောက် ကူညီလိုက်မယ်

  7. မြန်မာပြည်သူအပေါင်း
    Covid19ကပ်ဆိုး ဘေးမှ အမြန်ကင်းဝေးကြပါစေ
    ပြည်သူအပေါင်းဘေးအန္တရာယ်ကင်းကြပါစေ
    စစ်အာဏာရှင်အမြန်ကျဆုံးပါစေ
    အရေးတော်ပုံ မုချအောင်ရမယ်

  8. အားလုံးဘေးရန်အပေါင်းကင်းရှင်းကြပါစေ။တိုက်ပွဲတိုင်းအောင်ပါစေ

  9. တပ်မတော်ထောက်ခံတဲ့ သာကူး ခါတော်မှီမျိုးချစ်တို့ မိသားစုတွေ ဦးစားပေသင့်တယ်လို့မြင်တယ် ပြီးတော့မှ ကြံ့ကြံ့ခိုင်ရေးက ပိုမိုတောက်ပတဲ့အနာဂတ်ဆီသို့သွားမဲ့ မိသားစုဝင်တွေကို တစ်ပါးတည်းခေါ်သင့်ပါတယ် နောက်ထပ်တစ်ခုအနေနဲ့ မအလတပ်မတော်ကြီးက မိသားစုဝင်တွေက တကယ်ချစ်တာဆိုတော့ ဝင်ရမဲ့အချိန်ခါကောင်းပဲ နောက်မကျသင့်တယ် မိသားစုစိတ်ဓာတ်နဲ့မအလကိုချစ်ရမယ်လေ ခင်ဗျားတို့ပြောပြောနေတဲ့ စကားလုံးတစ်လုံးရှိတယ် တိုင်းပြည်နဲ့လူမျိုးအတွက်ဆို တဲ့စကားကိုသက်သေပြရန်အချိန်ရောက်ပြီး နောက်မကျပဲ အပြေးသာဝင်လိုက်တော့ ခြံစည်းရိုးတော့ ခွမထိုင်နဲ့နော် အခုကအကုန်လုံးသိနေပြီ ခွေးဖြစ်မှ ချီးစားရမှာပေါ့ မကြောက်နဲ့ 😁😁😁

  10. ပြည်သူ့အစိုးရNUG နှင့်PDFများအားလုံး​ဘေးရန်ကင်းရှင်းပြီး​နေ​ကောင်းကျန်းမာတိုက်ပွဲတိုင်း​အောင်မြင်ပါ​စေ

  11. အရေးတော်ပုံအောင်ရမည်
    တတ်နိုင်တဲ့ဘက်က ကူညီဖို့အသင့်ပါ

  12. စိတ်ဓါတ်ကောင်းမွန်သော
    စည်းကမ်းကောင်းမွန်သော
    ပညာပြည့်ဝသော
    တပ်မတော်အသစ်ကြီးကို
    ထူထောင်တည်ဆောက်နိုင်ကြပါစေ 💪❤💪

  13. အရေးတော်ပုံ တော်လှန်ရေးမှာ ကျွန်တော် တို့တွေ Online social mediaပေါ်မှာ အားပေးနေရုံ သက်သက်နဲ့ လွတ်လပ်တဲ့ အရင်လိုလူမှု့ နေထိုင်ရေး ဘဝတွေ ပြန်ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် Eaoတွေနဲ့ အတူလက်တွဲပါဝင်နေတဲ့ ညီအကို တွေကို တတ်နိုင်သလောက်ပါဝင်လှူဒါန်းပေးပါလို့ လေးလေးနက်နက်ထပ်လောင်း တောင်းဆိုပါတယ် ခင်ဗျာ။ အရေးကြီးပါပြီ သွေးစည်း ညီညွှတ်ကျကြောင်း ပြသပေးကျပါ။

  14. အရက်ပုလင်းသိမ်းမိရင်ရောသောက်ပြီးမှပုလင်းပဲအပ်လို့ရပါသလားဝန်ကြီးမင်းခင်ဗျ

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.