-ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက လူငယ်ဗဟိုပြုလုပ်ငန်းများတွင် အတူတကြ လက်တွဲလုပ်ဆောင်ရန် လူငယ်အဖွဲ့အစည်းတွေကို ဖိတ်ခေါ်လိုက်တယ်လို့ သိရပါတယ်။
-အကြမ်းဖက် လူသတ်စစ်အာဏာရှင်တို့၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် လူငယ်များနှင့် ပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ကြရပြီး စစ်ဘေးရှောင်များ အဖြစ် နယ်စပ်ဒေသများသို့ ရောက်ရှိနေကြရာ ထိုဘေးဒုက္ခခံစားနေကြရသော ပြည်သူများအတွက် နိုင်ငံတကာရောက် မြန်မာပြည်သူများက အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနနှင့် အတူ စုစုပေါင်း ငွေကျပ် ၆၅သိန်း တန်ဖိုးရှိ ဆေးဝါးနှင့် ဆေးပစ္စည်း ကိရိယာများကို စစ်ရှောင်စခန်းများသို့ ထောက်ပံ့ကူညီခဲ့တယ်လို့ သိရပါတယ်။
#SpringRevolution
#PVTV
Like – 3K Share – 228