-ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့အကြား အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်ကျင့်သုံးရေးအတွက် နှစ်ဖက်သဘောတူညီချက်လက်မှတ်ရေးထိုး
-အမျိုးသားညီညွတ်ရေးအစိုးရ နှင့် ဂျပန်နိုင်ငံ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တို့ ပူးတွဲကြေညာချက် ထုတ်ပြန်
-အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ မြန်မာလူထုရဲ့ တောင်းဆိုချက်အတိုင်း ဂျပန်နိုင်ငံက တုံ့ပြန်လုပ်ဆောင်သွားပါမယ်။ မြန်မာ့အရေး ဖြေရှင်းဖို့ဆိုရင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုက အထူးအရေးပါပြီး အထူးကိုယ်စားလှယ် Burgener နဲ့ လည်းပူးပေါင်းဆောင်ရွက်သွားချင်ပါတယ်” လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi က ပြောဆိုလိုက်ပါတယ်
-မြန်မာနိုင်ငံထဲမှာဖြစ်နေတဲ့ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း မတည်ငြိမ်မှုတွေကြောင့် ဂျပန်နိုင်ငံထဲက မြန်မာနိုင်ငံသားတွေကို နေထိုင်ခွင့် ၆ လ ဆက်ပေးသွားမယ်ဆိုပြီး ဂျပန်တရားရေးဝန်ကြီး Yoko Kamikawa က ပြောဆိုလိုက်ပါတယ် စတဲ့ PVTV ရဲ့ ညနေပိုင်း သတင်းအစီအစဉ်ကို တင်ဆက်ပေးလိုက်ပါတယ်။
#SpringRevolution
#PVTV
Like – 8.7K Share – 690