ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး (၁၂/၂၀၂၁) ကို ကျင်းပပြုလုပ်ခဲ့တဲ့သတင်း
အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန တို့ရဲ့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးက နွေဦးတော်လှန်ရေး၏ အဆင့်ဆင့်တိုးတက်ပြောင်းလဲမှုဖြစ်စဉ် ခေါင်းစဉ်နဲ့ စာတစ်စောင်ကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ထုတ်ပြန်အသိပေးလိုက်တဲ့ သတင်း
လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအရေးဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဆင့်မြင့် တံခါးဖွင့်အစည်းအဝေးကို ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံ ကိုယ်စားပြုပြီး မိန့်ခွန်းတစ်ရပ်ပေးပို့ခဲ့တဲ့သတင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက COVID 19 ရောဂါ ကာကွယ်နိင်ရေးအတွက် ပြည်သူများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့်ကိစ္စများကို ထုတ်ပြန်ထားတဲ့သတင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက စစ်အာဏာသိမ်းကာလအတွင်း သေဒဏ်စီရင်ခြင်းများနဲ့ပတ်သက်တဲ့ အချက်အလက်အချို့ကို ထုတ်ပြန်ခဲ့တဲ့ သတင်းတွေကို နားဆင်ကြရမှာဖြစ်ပါတယ်။
#SpringRevolution
#PVTV
Like – 25K Share – 2861