ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အနေနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ တိုးတက်မှုအများကြီးရှိလာပြီး နိုင်ငံတကာ ပါလီမန်တွေနဲ့ ချိတ်ဆက်မှုအားကောင်းလာတယ်လို့ CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်ပြော

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အနေနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ တိုးတက်မှုအများကြီးရှိလာပြီး နိုင်ငံတကာ ပါလီမန်တွေနဲ့ ချိတ်ဆက်မှုအားကောင်းလာတယ်လို့ CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်ပြော
ဇန်နဝါရီ ၁၄ ၊ ၂၀၂၂

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အနေနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ တိုးတက်မှုအများကြီးရှိလာကြောင်းနဲ့ နိုင်ငံတကာ ပါလီမန်တွေနဲ့ ချိတ်ဆက်မှုကဏ္ဍမှာလည်း အများကြီး ကောင်းမွန်လာတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က PVTV ကိုပြောပါတယ်။

“ကျနော်တို့ အများကြီးတိုးတက်လာတယ်လို့ ရဲရဲတင်းတင်းပြောနိုင်တယ်ဗျ။ CRPH လို့စပြီးလုပ်တဲ့အခါမှာ ဒါအစမှာ အားလုံးလည်းသိတဲ့အတိုင်းပဲ ကျနော်တို့က စတိတ်ဟိုဒါတွေအကုန်လုံးကို အကုန်လုံး ပါဝင်ဆောင်ရွက် နိုင်ဖို့ရန်အတွက် NUCC ကိုလည်း ဖော်ဆောင်နိုင်ခဲ့တယ်။ NUG ကိုလည်း ကျနော်တို့ ဖွဲ့စည်းနိုင်ခဲ့တယ်” လို့ CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်က PVTV ကို ပြောပါတယ်။

ဒါအပြင် နိုင်ငံတကာ ပါလီမန်တွေနဲ့ ချိတ်ဆက်မှုအားကောင်းကောင်းနဲ့ လုပ်ဆောင်နေတယ်လို့ ဆက်ပြောပါတယ်။

“ပါလီမန်ခြင်း Parliament to Parliament ဆက်သွယ်တာရှိတယ်။ နောက်ပြီးတော့ ပါလီမန်ထဲက ကိုယ်စားလှယ်။ လွှတ်တော် ကိုယ်စားလှယ်သီးခြားဆက်သွယ်တာရှိတယ်။ အခုကျနော်တို့ဆိုရင် ပါလီမန်အစုအဖွဲ့တွေက နိင်ငံတကာပါလီမန်များဆိုတာ ရှိတယ် IPU ပေါ့ ။ IPU တို့ AVHR တို့ IPAM တို့ အီးယူပါလီမန်တို့ဆိုတဲ့ အစုအဖွဲ့တွေ ပူးပေါင်းပြီးတော့ ဆက်သွယ်ချိတ်ဆက်ပြီးတော့ လုပ်ဆောင်နေတယ်။ အိုင်ပန်ဆိုတာ International Parliamentarians Alliance for Myanmar (IPAM) မြန်မာနိုင ငံအတွက်ကို Alliance လုပ်ထားတဲ့ ၂၈ နိုင်ငံပါတဲ့ ပါလီမန်ကိုယ်စားလှယ်တွေပဲဗျ။ အဲဒီကိုယ်စားလှယ်တွေနဲ့ ကျနော်တို့ တွေ့တာတွေရှိတယ်” လို့ ဦးအောင်ကြည်ညွန့်ကပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ လွှတ်တော်တခုချင်းအနေအထားနဲ့ဆိုရင် ဂျပန်ပါလီမန်၊ တောင်ကိုးရီးယား ပါလီမန်၊ ဩစတြေးယီးယားပါလီမန်၊ ဩစတြီးလျပါလီမန်တို့အပြင် ပြင်သစ်ပါလီမန်တွေနဲ့ပါ ချိတ်ဆက်မှုအားကောင်းကောင်းနဲ့ လုပ်ငန်တွေဆောင်ရွက်ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) စတင်ဖွဲ့စည်းပြီးနောက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ကို ဖွဲ့စည်းပေးထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.