ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက အမျိုးသားညီညွတ်ရေးအစိုးရသစ်ဖွဲ့စည်း…


ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက အမျိုးသားညီညွတ်ရေးအစိုးရသစ်ဖွဲ့စည်း
—————

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုက ဒီမိုကရေစီနည်းကျ အပ်နှင်းလိုက်သည့် အာဏာကို ကျင့်သုံးလျက်၊ ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ကြေညာချက်အမှတ် (၁၉/၂၀၂၁) ဖြင့် ထုတ်ပြန်ကြေညာခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အရ၊ အောက်ပါ ပုဂ္ဂိုလ်များအား ယှဉ်တွဲပါတာဝန်များ အပ်နှင်းလိုက်သည်။
(၁) ဦးဝင်းမြင့် – နိုင်ငံတော်သမ္မတ
(၂) ဒေါ်အောင်ဆန်းစုကြည် – နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
(၃) ဒူဝါလရှီးလ – နိုင်ငံတော်ဒုတိယသမ္မတ
(၄) မန်းဝင်းခိုင်သန်း – ပြည်ထောင်စုဝန်ကြီးချုပ်
(၅) ဒေါ်ဇင်မာအောင် – ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန
(၆) ဦးလွင်ကိုလတ် – ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန
(၇) ဦးရည်မွန် – ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန
(၈) ဒေါက်တာလျန်မှုန်းဆာခေါင်း – ပြည်ထောင်စုဝန်ကြီး၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန
(၉) ဦးတင်ထွန်းနိုင် – ပြည်ထောင်စုဝန်ကြီး၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန
(၁၀) ဒေါက်တာဝင်းမြတ်အေး – ပြည်ထောင်စုဝန်ကြီး၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေး
အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန
(၁၁) ဒေါက်တာဆာဆာ – ပြည်ထောင်စုဝန်ကြီး၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန
(၁၂) ဒေါက်တာဇော်ဝေစိုး – ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန
(၁၃) ဒေါက်တာဇော်ဝေစိုး – ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန
(၁၄) ဒေါက်တာတူးခေါင် – ပြည်ထောင်စုဝန်ကြီး၊ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန
(၁၅) နော်ဆူဇန်နာလှလှစိုး – ပြည်ထောင်စုဝန်ကြီး၊ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Like – 50K Share – 11357

Public Voice Television Facebook

Add your reaction

  1. အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အား
    ပြည်သူတစ်ယောက်အနေဖြင့်
    အပြည့်အဝ ထောက်ခံကြိုဆိုပါတယ်။

    အရေးတော်ပုံ အောင်ရမယ်။
    💪💪💪

  2. CRPHမှဦးဆောင်ဖွဲ့စည်းသော

    ” အမျိုးသားညီညွတ်ရေးအစိုးရ” သည်သာလျှင်
    မိမိတို့ အစိုးရဖြစ်သည်။

  3. ပြည့်သူ့အစိုးရ သစ်ကို အပြည့်အဝထောက်ခံပါသည်။ အရေးတော်ပုံ အောင်ရမည်။

  4. We support NUG
    အပြည့်အဝ ယုံကြည် အားပေးထောက်ခံပါသည်
    အရေးတော်ပုံ အောင်ကိုအောင်ရမည်

  5. ကိုယ်ပိုင်ရုပ်သံ ကိုယ်ပိုင်အစိုးရ ကိုယ်ပိုင်တပ်မ​တော် အားရှိလိုက်တာ
    တို့ပြည်သူ​တွေ ​ခေတ်သစ်​ရောက်ပြီ
    💕💕💕

  6. တိုင်းရင်းသားပေါင်းစုံပါဝင်သော
    “အမျိုးသားညီညွတ်ရေးအစိုးရ”
    National Unity Government (NUG)အား
    အပြည့်အဝကြိုဆိုထောက်ခံပါသည်💪

  7. အမျိုးသားညီညွတ်​ရေးအစိုးရ (NUG ) အား ပြည်သူတစ်​ယောက်အ​နေဖြင့် အပြည့်အဝ ​ထောက်ခံ ကြိုဆိုပါ၏

  8. အမျိုးသားညီညွတ်ရေးအစိုးရအား
    ကြိုဆို ထောက်ခံပါသည်။💯💯💯

    ဖက်ဒရယ်အာမီကိုလည်း မျှော်လင့်လျက်။
    ပြည်ထောင်စုကြီး အေးချမ်းသာယာပါစေ။

  9. အမျိုးသားညီညွတ်ရေးအစိုးရ National Unity Government (NUG) အား ပြည်သူတစ်ယောက်အနေဖြင့် အပြည့်အဝ ထောက်ခံကြိုဆိုပါသည်။ ❤️

  10. အရမ်းမျော်လင့်ထားရတဲ့ ကျွန်တော်တို့ အစိုးရအဖွဲဝင် အားလုံးကို ကြိုဆိုပါတယ် 😍😍😍

  11. အမျိုးသားညီညွတ်ရေးအစိုးရကိုအပြည့်အ၀
    ထောက်ခံကြိုဆိုပါတယ်👏
    We strongly agree NUG.
    We support NUG.🧡

  12. မနက် ၉နာရီ ကတည်း NUGအဖွဲ့ ကိုစောင့်နေခဲ့တာ။ ကျေးဇူးပါဗျာ။ အခုလိုပင်ပန်းခံပြီး တိုင်းပြည် အတွက်ဆောင်ရွက်ပေးလို့။ လိုအင်ဆန္ဒတွေ အမြန်ဆုံးပြည့်ဝပြီး အရေးတော်ပုံကို အမြန်ဆုံးအောင်မြင်အောင်ဆောင်ရွက်နိုင်ပါစေ

  13. အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အား
    အပြည့်အဝ ကြိုဆိုထောက်ခံပါ၏။
    အရေးတော်ပုံ အောင်ရမည်။

  14. Warmly Welcome NUG.
    စိတ်ထဲမှာ ပီတိဖြစ်ပြီး အစိုးရသစ်တက်ပြီ ဆိုပြီးခံစားမိ၊ ပြီးမှ တိုက်ရအုံးမှာပါလား တွေးမိ၊ အရေးတော်ပုံ အောင်ရမည်💪💪💪

  15. မနက်ထဲကမျော်နေရတာ ဘာအခက်ခဲများရှိလို့လဲလို့ စိတ်ပူနေတာ အခုမှ စိတ်ချမ်းသာတော့တယ်
    ကြိုးစားပေးမှု အားလုံးအတွက် ကျေးဇူးအထူးတင်ပါတယ်ရှင့်
    ဘာသာတရားကိုမကြည့်ပဲ တစ်ယောက်နဲ့ တစ်ယောက်အရမ်းချစ်တတ်သွားပြီဆိုတဲ့ စကားရယ်

    အမြစ်က နှုတ်ရတာမို့ အချိန်ယူရတာဆိုတဲ့ စကားလေးရယ် ကို တကယ်ကို အားရကျေနပ်မိပါတယ်

    NUG အပြည့်အဝထောက်ခံပါသည် ❤

  16. ပြည်သူလူထုကို ကာကွယ်ပေးနိုင်သော အစိုးရအသစ်အမြန်စောင့်ရှောက်နိုင်ပါစေ။တနေ တနေ့ ကိုယ့်အိမ်မှာ ကိုနေပြီးလှုံခြုံမှုတွေ မရှိတော့သလို ခံစားရပါတယ်။😢😢😢

  17. အမျိုးသား ညီညွတ်ရေး အစိုးရ National Unity Government (NUG) အား အပြည့်အဝ ယုံကြည် ထောက်ခံ ကြိုဆိုပါသည်။ အရေးတော်ပုံ အောင်ရမည်။

  18. ပြည်သူများ၏ ကိုယ်စားခေါင်းဆောင်ကြီးများနှင့်နောက်လိုက်ခေါင်းဆောင်များအပါအဝ် စိတ်ဓာတ်ပိုင်းဆိုင်ရာ စီးလုံး ညီညွတ်စွာဖြင့် တိုင်းပြည်နှင့် လူမျိုးအတွက်ကာကွယ် ထမ်းဆောင်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းလျှက်

  19. ဝမ်းသာတယ်ဆိုတာထက် ဘယ်လိုပြောရမလဲ။ ကျဆုံးခဲ့တဲ့ ကလေးတွေ သိရင် ဘယ်လောက်ထိ ပျော်လိုက်ကြမလဲ😢

  20. စောင့်နေရတာ အခုတော့ဆန္ဒတွေပြည့်ခဲ့ရပီး အပြည့်အဝထောက်ခံပါတယ် နည်းမှန်လမ်းမှန်နဲ့ အတိတ်ကအမှားတွေကို သင်ခန်းစာယူနိုင်ပါစေ
    We support you
    And we stand with you

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.