ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)နဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့ တွေ့ဆုံ
◼️ National Defense Authorization Act (NDAA) နဲ့ စပ်လျဉ်းပြီး ဆွေးနွေး
ဇန်နဝါရီ ၃၀ ၊ ၂၀၂၃
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့ အကြားတွေ့ဆုံဆွေးနွေးမှုကို ဇန်နဝါရီ ၂၇ ရက်မှာ ဗီဒီယိုကွန်ဖရင့်ကနေ ပြုလုပ်ခဲ့ကြပါတယ်။
အစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကားပြောကြားခဲ့သလို အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာကလည်း National Defense Authorization Act (NDAA) နဲ့ စပ်လျဉ်းပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာကလည်း NDAA နဲ့ စပ်လျဥ်းပြီး ဝန်ကြီးဌာနအနေနဲ့ အမေရိ ကန်ပြည်ထောင်စုရှိ Advocacy Group များနဲ့ ညှိနှိုင်းဆောင်ရွက်ထားရှိမှုများ၊ အမေရိကန် ပြည်ထောင်စုရဲ့ သက်ဆိုင်ရာဥပဒေပြုလွှတ်တော်ကော်မတီများ၊ လွှတ်တော်အမတ်များနဲ့ ချိတ်ဆက် ဆောင်ရွက်ထားရှိမှုများ၊ ကျွမ်းကျင်ပညာရှင်များ၊ အဖွဲ့အစည်းများနဲ့ ချိတ်ဆက်ဆောင်ရွက်ထားရှိမှုများ၊ ၎င်းဥပဒေပြုခြင်းနဲ့စပ်လျဥ်းပြီး မဲပေးပိုင်ခွင့်ရှိတဲ့ အမေရိကန်ပြည်ထောင်စုပြည်သူများနဲ့ ဆက်သွယ် ဆောင်ရွက်ထားရှိမှု၊ မီဒီယာများနဲ့ Talk Show များတွင် ဆောင်ရွက်ထားရှိမှုများ၊ NDAA အတည်ပြု လာခြင်းအတွက် တုံ့ပြန်လာနိုင်သောကိစ္စရပ်များအား အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့ပါတယ်။
အဲဒီနောက် တက်ရောက်လာကြတဲ့ ကော်မတီဝင်များက သိရှိလိုတာများကို မေးမြန်းကာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားပြီး လွှတ်တော်ကဏ္ဍအနေနဲ့ ရှေ့လုပ်ငန်းစဥ်များမှာ မည်သို့ချိတ်ဆက်ဆောင်ရွက်နိုင်တာကို အကြံပြုဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးမှုအပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအစည်းအဝေးကို ဆက်လက်ကျင်းပရာ လွှတ်တော်လုပ်ငန်းပိုင်းဆိုင်ရာနဲ့ နိုင်ငံတကာဆိုင်ရာ စီစဥ်ဆောင်ရွက်နေတဲ့ ကိစ္စများနဲ့ ရေးရာ ကော်မတီအလိုက်လုပ်ငန်းများ တင်ပြဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌများနဲ့ အတွင်းရေးမှူးများ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာတို့ တက်ရောက်ခဲ့ကြတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သတင်းထုတ်ပြန်ခဲ့ကြပါ တယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel –
https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။