ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ ပြည်သူ့ရင်ခွင်ခိုလှုံရေး ကော်မတီတို့အကြားတွေ့ဆုံ
◾️ ပြည်သူ့ရင်ခွင်ခိုလှုံဝင်မှုအခြေအနေ၊ ရဲ၊ တပ် CDM တွေအတွက် မြေပြင်ထောက်ပံ့ကူညီ နေမှုတွေကို ဆွေးနွေး
ဇူလိုင် ၂၀ ၊ ၂၀၂၂
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပြည်သူ့ရေးရာကော်မတီနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံရေး အကောင်အထည် ဖော်ဆောင်မှုကော်မတီတို့အကြား တွေ့ဆုံဆွေးနွေးမှုကို ဇူလိုင် ၁၉ ရက် မွန်းလွဲ ၃ နာရီအချိန်မှာ ဗီဒီယိုကွန့်ဖရင်နဲ့ ပြလုပ် ခဲ့ကြပါတယ်။
အဲဒီလို တွေ့ဆုံရာမှာ CRPH ပြည်သူ့ရေးရာကော်မတီအနေနဲ့ ပြည်သူ့ရင်ခွင်ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေ၊ မြေပြင် အခြေအနေတွေနဲ့ စပ်လျဉ်းပြီး ကျယ်ကျယ်ပြန်ပြန့် ပိုမိုသိရှိနိုင်ဖိုနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ လုပ်ဆောင်နေတဲ့ ပြည် သူ့ရင်ခွင်ခိုလှုံရေး အကောင်အထည်ဖော် ဆောင်မှုကော်မတီတို့အကြား အချိတ်အဆက်မိမိ အပြန်အလှန်ပူးပေါင်းဆောင် ရွက်နိုင်ရေးတို့အတွက် ရည်ရွယ်ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
တွေ့ဆုံဆွေးနွေးပွဲမှာ ပြည်သူ့ရင်ခွင်ခိုလှုံရေး အကောင်အထည်ဖော်ဆောင်မှုကော်မတီရဲ့ မူဝါဒတွေ၊ ဖွဲ့စည်းပုံနဲ့ လုပ်ငန်းဆောင်ရွက်မှု၊ ပြည်သူ့ရင်ခွင်ခိုလှုံဝင်မှုအခြေအနေ၊ ရဲ၊ တပ် CDM တွေအတွက် မြေပြင်ထောက်ပံ့ကူညီ နေမှုတွေ နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပြည်သူ့ရေးရာကော်မတီအတူ လက်တွဲညှိနှိုင်းဆောင်ရွက် သွားကြ မယ့် အချက်တွေအပေါ် ဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံဆွေးနွေးပွဲမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့်၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီဝင်တွေ၊ ရေးရာကော်မတီ ဥက္ကဋ္ဌတွေ၊ အတွင်းရေးမှူးတွေ၊ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်၊ ပြည်သူ့ရေးရာကော်မတီဝင်တွေနဲ့ ပြည်သူ့ပြည်သူ့ရင်ခွင်ခိုလှုံရေး အကောင်အထည် ဖော်ဆောင်မှုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်တွေ တက်ရောက်ဆွေနွေးခဲ့ကြပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။