ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့က ကြီးမှူးကျင်းပတဲ့ “(၇၅) နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်းအနား” ကို ဇူလိုင် ၁၉ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။
ဇူလိုင် ၁၉ ၊ ၂၀၂၂
အခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ နဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က အောက်မေ့ဖွယ် အမှတ်တရစကား ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီးတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ ကရင်အမျိုးသား အစည်းအရုံး တွဲဘက်အတွင်းရေးမှူး (၂) ပဒိုစောလှထွန်း ၊ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံအမတ်များအဖွဲ့ ဉက္ကဌ Mr Charles Santigo ၊ ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) မှ ဒေါက်တာလျန် မှုန်းဆာ ခေါင်း ၊ ကရင်နီအတိုင်ပင်ခံကောင်စီ(KSCC)မှ ခူးထဲဘူး၊ မွန်ပြည်နယ်အ တိုင်ပင်ခံကောင်စီ (MSCC) မှ မိကွန်ချမ်းတို့က အောက်မေ့ ဖွယ်အမှတ်တရစကား ပြောကြားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ အလေးပြုခြင်းအစီအစဉ်ကို ၁၀ နာရီ ၃၇ မိနစ်အချိန်မှာ ပြုလုပ်ခဲ့ပြီးကျဆုံးခဲ့ရတဲ့ အာဇာ နည်ခေါင်းဆောင်ကြီးတွေကို ငြိမ်သက်အလေးပြုခဲ့ကြပါတယ်။
ဆက်လက်ပြီးတော့ အခမ်းအနားအစီအစဉ်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ( CEC) ဒေါက်တာမေဝင်း မြင့် ၊ ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ဦးလမာနော်အောင် ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ ဦးရောဘတ် ညေးရယ်တို့က အောက်မေ့ဖွယ် အမှတ်တရ စကား ပြောကြားခဲ့ကြပြီး အာဇာနည်ကြီးများရဲ့ သမိုင်းမှတ်တမ်းဗီဒီ ယိုပြသခဲ့ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။