ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ တွေ့ဆုံ
◼ ကြားကာလအတွင်း မဟာဗျူဟာလုပ်ငန်းစဉ်(၅)ရပ်နုဲ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကိုဆွေးနွေး
ဇူလိုင် ၁၆ ၊ ၂၀၂၂
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးပွဲကိုဇူလိုင်လ ၁၅ ရက်မှာ ဗီဒီယို ကွန်ဖရင့်ကနေ တဆင့်ပြုလုပ်ခဲ့ကြပါတယ်။
အစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာ စကားပြောကြားခဲ့ပါတယ်။
အဲဒီ့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါ်ခင်မမမျိုးက ဝန်ကြီးဌာနရဲ့ မူဝါဒတွေ၊ ဖွဲ့စည်းပုံတွေ၊ ရည်မှန်းချက်တွေ၊ ကြားကာလအတွင်း မဟာဗျူဟာလုပ်ငန်းစဉ်(၅)ရပ်နုဲ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေ၊ မူပိုင်ခွင့်ဆိုင်ရာတွေ၊ မူဝါဒ(မူကြမ်း)တွေ ရေးဆွဲထားတာ၊ ပြည်ထောင်စုအဆင့်ကော်မတီနဲ့ ကော်မရှင်တွေမှာ ပါဝင်ဆောင်ရွက်တာတွေ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံတကာနဲ့ ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်မှုတွေ၊ နည်းပညာအကြံပေးအဖွဲ့တွေ ဖွဲ့စည်းတာနဲ့ ဆက်လက်ဆောင်ရွက်သွားမဲ့ လုပ်ငန်းစဉ်တွေကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးမေးမြန်း အကြံပြုခဲ့ကြပါတယ်။
အဲဒီနောက်မှာ ရေးရာကော်မတီတွေက လုပ်ငန်းဆောင်ရွက်မှုအခြေအနေတွေကို တင်ပြဆွေးနွေး ခဲ့ကြပါတယ်။
အစည်းအဝေးကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်တွေ၊ ရေးရာကော်မတီများမှ ကော်မတီဥက္ကဋ္ဌတွေ၊ အတွင်းရေးမှူးတွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အတွင်းဝန်၊ တွဲဖက်အတွင်းဝန်တွေနဲ့ DG တွေ တက်ရောက် ခဲ့ကြပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။