ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဂျပန်ဝန်ကြီးချုပ်ဟောင်း ကွယ်လွန်ခြင်းအပေါ် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဂျပန်ဝန်ကြီးချုပ်ဟောင်း ကွယ်လွန်ခြင်းအပေါ် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့
ဇူလိုင် ၉ ၊ ၂၀၂၂

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က ဂျပန်ဝန်ကြီးချုပ်ဟောင်းဖြစ်သူ မစ္စတာ ရှင်ဇိုအာဘေး ကွယ် လွန်ခြင်းအပေါ်မှာ ဝမ်းနည်းကြောင်း သဝဏ်လွှာကို ဇူလိုင် ၈ ရက် ရက်စွဲနဲ့ ပေးပို့လိုက်ပါတယ်။

သဝဏ်လွှာထဲမှာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့မှာ ဂျပန်ဝန်ကြီးချုပ်ဟောင်း မစ္စတာ ရှင်ဇိုအာဘေး ကွယ်လွန်သွား ခြင်းအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လွန်စွာ တုန်လှုပ်ဝမ်းနည်းမိတယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် မြန်မာနိုင်ငံရဲ့ မိတ်ဆွေကောင်းတစ်ဦးဖြစ်တဲ့ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ ဂျပန်နိုင်ငံကို အင်အား ကြီးတဲ့ နိုင်ငံဖြစ်‌စေဖို့ ဆောင်ရွက်ခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင်မှုနဲ့ ကြိုးပမ်းအားထုတ်မှုတို့ကို အမှတ်တရရှိနေလိမ့်မှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာ့နိုင်ငံမှာ စီးပွားရေး၊ ဒီမိုကရေစီ၊ လွပ်လပ်မှုနဲ့ လူ့အခွင့်အရေးတွေ ဖွံ့ဖြိုးတိုးတက်စေဖို့ ဝန်ကြီးချုပ်ဟောင်းရဲ့ တန်ဖိုးရှိတဲ့ အားပေးထောက်ပံ့မှုတွေကို မြန်မာပြည်သူတွေအနေနဲ့ အစဉ်အမြဲ သတိတရရှိနေမှာဖြစ်တယ်လို့ ဖော်ပြ ထားသလို ဝန်ကြီးချုပ်ဟောင်း ကွယ်လွန်သွားခြင်းအတွက် ဝန်ကြီးချုပ်ဟောင်းရဲ့ မိသားစု၊ ဂျပန်အစိုးရနဲ့ ပြည်သူတွေထံ ကို ဝမ်းနည်းမှုနဲ့ စာနာမှုတွေ ပေးပို့အပ်ပြီး ထာဝရငြိမ်းချမ်းပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်တယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.